မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်ရဲ့ စက်တပ်လေထီးတစ်စင်းကို ပစ်ချခဲ့တယ်လို့ မြိုင် ပကဖ က ဒီညမှာ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေတက်လာပြီး ပေါက်နယ်ထဲကို ဗုံးကြဲကာ ပြန်လာတဲ့ စက်တပ်လေထီး ၂ စင်းထဲက တစ်စင်းကို မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ တော်လှန်ရေးတပ်ဖွဲံဝင်များက ပစ်ချခဲ့တာဖြစ်တယ်လို့ သိရတာပါ။

မြိုင် ပကဖ၊ ပေါက် ပကဖ နဲ့ MGY-PDF ပူးပေါင်းတပ်များက စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်နေချိန်မှာ ပခုက္ကူ ၁၀၁ ကနေ တက်လာပြီး ထိတွေ့မှုဖြစ်ပွားရာနေရာကို လာရောက်ပစ်ခတ်ခဲ့တဲ့ အဆိုပါစက်တပ်လေထီးကို ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် ပျက်ကျသွားတာဖြစ်တယ်လို့ မြိုင်−ပကဖ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျက်ကျသွားတဲ့ စက်တပ်လေထီးပေါ်မှာ မောင်းနှင်လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သားနှစ်ယောက် ထိခိုက်သေဆုံးမှု ရှိ မရှိ ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။ ယခုနှစ်အတွင်း စစ်ကိုင်းနဲ့ မကွေးတိုင်းတွေထဲမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိသလို၊ ပြည်သူအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စက်တပ်လေထီးပစ်ချခံရမှုနဲ့ ပတ်သက်လို့ “စက်တပ်လေထီး ပစ်ချခံရတာ အမှန်ပဲဗျ။ ဒီဖက်က ကလေးတွေ ဝိုင်းပစ်လို့ ပျက်ကျသွားတာ၊ ကျန်တာကတော့ အနီးကပ် မမြင်ရတော့ တပ်အပ်မပြောနိုင်ဘူး၊ သေချာတာကတော့ စစ်တပ်က မနက်ဖြန်မှာ စက်တပ်လေထီးတစ်စင်း စက်ချို့ယွင်းလို့ ပျက်ကျသွားတယ်ဆိုပြီး ထုတ်ပြန်လာပါလိမ့်မယ်” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မောင်း ကို ပြောပါတယ်။

လက်ရှိမှာတော့ မြိုင်မြို့နယ် နဲ့ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေပြီး စစ်ကြောင်းထိုးရာတစ်လျှောက်ရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို၊ ဒေသခံပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လျက်ရှိနေပါတယ်။
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

မြဝတီ ခလရ ၂၇၅ မှ ထွက်ပြေးအလင်းဝင်လာသူ ၃ ဦး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိဟု ဗျူဟာ ၃၁ ပြော

ကရင်ပြည်နယ်၊ တောင်ပိုင်တိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ အလင်းဝင်လာတဲ့ မြဝတီအခြေစိုက် ခလရ ၂၇၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်သွားဖို့ ဆန္ဒရှိကြောင်း ဗျူဟာ (၃၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကဝမြို့နယ် ပကဖ၏ ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ရပ်ရွာလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေနဲ့ ရပ်ရွာလူထုကို ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ တတ်နိုင်သမျှ စဉ်ဆက်မပြတ် အခမဲ့ ပြုလုပ်ပေးနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလာင်ပျက်စီးခဲ့မှုအတွက် ပြန်လည်ဖြေဆိုရမည်ဟု စစ်ကောင်စီ ကြေညာ

အင်အားပြင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့တဲ့အတွက် ဒေသ ၄ ခုထက်မနည်းမှာ စာမေးပွဲ ပြန်လည်ဖြေဆိုရမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။