ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံရတဲ့ ခမရ ၅၃၁ တပ်ရင်းက တပ်သားတစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း ၅ ထံမှ သိရပါတယ်။

“သူက KA တပ်ရင်း ၅ ထဲဝင်လာတာမဟုတ်ဘူးဗျ၊ တပ်ပေါင်းစုဆီကို အလင်းဝင်လာတာဗျ၊ အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ အလင်းဝင်ဖို့လုပ်တာမှာ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့တိုးပြီး သူတစ်ယောက်ထဲ အလင်းဝင်လာနိုင်တာလို့ ပြောတယ်၊ သူ့တပ်စိတ်မှာ သူက ဒုတပ်စိတ်မှုးလို့လည်း ပြောတယ်” လို့ KA တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားဟာ MA- 1 တစ်လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဓား တစ်ချောင်းနဲ့ လက်ကိုင်ဖုန်းတို့ကို ယူဆောင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ၎င်းကို သက်ဆိုင်ရာ CDM ဌာနကို ပို့ဆောင်ပေးလိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

“သူကတော့ သူ့အမေကို ပြန်တွေ့ချင်တယ်ပြောပါတယ်။ ကျန်တာကတော့ CDM ဌာနကဆက်ပြီး ကြည့်စီစဉ်ပေးမှာပါ၊ ဆုကြေးရ မရတော့ မသိသေးပါဘူး” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ဖရူဆို− ထားလဲ− နန်းဖဲ − ဘောလခဲ လမ်းမကြီးတွေဘက်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် အဆိုပါလမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဗုံး (၃၀) လုံးနှင့် အဆိပ်‌ငွေ့ဗုံး (၃) လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးအလုံး (၃၀) နဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ​ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်နဲ့ ၆ မိုင်အကွာ ဆိုင်းတောင်ရွာကို KIA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်ရွာက ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်း စစ်အုပ်စု ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သားနှင့် ပျူ ၅ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဂိတ်နဲ့ စစ်သားတွေရေချိုးတဲ့ ကန်ကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက် ​သေဆုံးခဲ့တယ်လို့ Peacock Drone Team -Myaung တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်မှာ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။