ပဲခူးတိုင်း၊ ဝေါမြို့နယ်က ဒေသခံတွေကို စစ်ကော်မရှင်တပ်သားတွေက ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့အတွက် အဓမ္မဖိအားပေးတာမျိုးတွေရှိနေတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိ ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကော်မရှင်တပ်သား၂၀ ဝန်းကျင်ဟာ ဝေါမြို့နယ်ထဲက ဖိုးဦးစိန်ရွာ ထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ အစည်းဝေးတက်ရမယ်လို့ စေခိုင်းခဲ့ပါတယ်။

“စစ်သားတွေ ဖိုးဦးစိန်ရွာကို ရောက်လာတယ်၊ အုပ်ကြီးဆီလာပြီး၊ တစ်အိမ်တစ်ယောက် စည်းဝေးတက်ဖို့ခေါ်တယ်၊ တစ်ရွာလုံးကို ခေါ်ပြီးတော့ ၁၈ နှစ်အထက်တွေ မဖြစ်မနေ မဲပေးဖို့ ဖိအားပေးတဲ့ပုံစံမျိုးပြောတယ်၊ မဲပေးရမယ့်ပုံစံကိုလည်း ပြောသွားတယ်” လို့ ဝေါမြို့နယ် ပြည် သူ့ကာကွယ်အရေးတပ်ဖွဲ့မှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ လက်ရှိ ဖိုးဦးစိန်ရွာထဲက ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားသလို၊ ရွာထဲကိုသွားလာနေတဲ့အချိန်မှာလည်း လက်နက်တွေကိုင်ဆောင်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောက်လန့်ပြီး ရွာက ထွက်ပြေးတိမ်းရှောင်တာတွေ ရှိလာတယ်လို့လည်း ဆိုပါတယ်။

“သူတို့ ရွာထဲမှာ ရှိနေတုန်းပဲ၊ မဲပေးပြီးမှ ပြန်မယ်လို့ပြောတယ်၊ သူတို့က (စစ်သားများ) ရွာထဲမှာနေလည်း သေနတ်တကားကားနဲ့ ရွာသားတွေကို ချိန်းခြောက်တဲ့ပုံစံမျိုးဖြစ်နေတော့ တချို့ရွာသားတွေက ကြောက်လို့ တိမ်းရှောင်ကြတယ်” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကား ၂ စီးနဲ့ ဝေါမြို့နယ်၊ အဗျားရွာထဲကို ရောက်ရှိလာပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ အစည်းအဝေးတက်ရောက်ရမယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ လိုက်လံပြောဆိုခိုင်းပြီး အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ ဖိအားပေးပြောဆိုသွားတယ် လို့ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့အတွက် ၁ လကျော်လောက်သာ လို တော့တဲ့အခုအချိန်မှာ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသတွင်းက ကျေးရွာတွေအထိပါ လိုက်လံပြီး သူတို့ရဲ့အတုယောင်ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲထည့်ပေးဖို့ ဒေသခံပြည်သူတွေကို ဖိအားပေးပြောဆိုတာမျိုးတွေ ပြုလုပ်လာသလို၊ လက်လွှတ်ထားရတဲ့ မြို့ရွာတွေကိုလည်း ပြန်လည်ရရှိဖို့အတွက် အင်အားအများအပြား နဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို ပြုလုပ်လျက်ရှိနေပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်ပန်းတောင်းတွင် စစ်ကောင်စီ အရပ်သား ၂ဦးကို ရက်ရက်စက်စက် သတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား၂ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ နောက်တန်း ခေတ္တပြန်နားတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
Read More

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို မော်လမြိုင်မှာ ကျင်းပမည်…

မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရဲစခန်းမှ ထွက်လာသည့် စစ်တပ်စစ်ကြောင်း ကြားဖြတ်ခံရပြီး ၄ ဦး သေ၊ ၂ ဦး ဒဏ်ရာရ၊ စစ်တပ်က အရပ်သားအချို့အား ဓားစာခံအဖြစ် ဖမ်းဆီးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် အရပ်သားတချို့ ဓားစာခံလုပ်ဖမ်းဆီးခံရကြောင်း Special Task Force (Ngazun) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မူးယစ်ဆေးစွဲနေသူတွေ MLA ထံ လာရောက်ပြီး မူးယစ်ဆေးဖြတ်နိုင်

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအနေနဲ့ မူးယစ်ဆေးစွဲနေသူတွေမူးယစ်ဆေးဖြတ်ချင်ရင် သူတို့တပ်ဖွဲ့ထံကိုဆက်သွယ်ပြီး မူးယစ်ဆေးဝါး လာရာက်ဖြတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။