နိုဝင်ဘာ ၂၁ ရက် မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၅.၅ မဂ္ဂနီကျုဒ်အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AP News သတင်းဌာနက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ (Dhaka) နဲ့ သိပ်မဝေးဘူးတဲ့၂၅ ကီလိုမီတာ (၁၅ မိုင်ဝန်းကျင်) လောက်ပဲ ဝေးတဲ့နေရာမှာ ဗဟိုပြုပြီး လှုပ်သွားတာကြောင့် အဆောက်အအုံတချို့ ယိမ်းယိုင်၊ ပြိုကျ တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် သေဆုံးသူ ၈ ဦးကနေ ၁၀ ဦးကြားရှိနိုင်တယ်လို့ သတင်းဌာနတွေက ဖော်ပြနေပြီး အတိအကျတော့ မသိရသေးပါဘူး။

ငလျင်ထပ်မံလှုပ်ခတ်နိုင်တဲ့အတွက် သတိထားကြဖို့နဲ့ ထိခိုက်ထားတဲ့ အဆောက်အအုံတွေကို စုံစမ်းစစ်ဆေးကြဖို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

မြိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းတွေကို ၃ ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက မြိတ်မြို့နယ် လသာကျေးရွာ ဘုရားကုန်းဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်သားရှိရာနေရာကို ၄၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ပြီး တုံဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကသာမြို့ ခမရ ၃၀၉ မှ အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၃၃ ယောက် သေပြီး ၃၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ခမရ ၃၀၉ ကနေ အင်းတော်မြို့သို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃၃ ဘောက်သေပြီး ၃၁ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြောတဲ့ တိုက်ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်က ဘာလဲ (ရုပ်/သံ)

တော်လှန်ရေးအောင်နိုင်ခြင်း၊ မအောင်နိုင်ခြင်းနဲ့ တိုက်ပွဲတစ်ပွဲရဲ့ အရေးကြီးအဆုံးအဖြတ်က ဘာလဲဆိုတာ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း အများပြည်သူသွားလာရာ လမ်းပေါ်တွင် စစ်တပ်ထောင်ခဲ့သည့် မိုင်းများကို ဖယ်ရှားရှင်းလင်းပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ထောင်သွားခဲ့တဲ့ မိုင်းတွေကို ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ဖယ်ရှားရှင်းပေးခဲ့တယ်လို့ Taung Tha People Defense Force က ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက်အခမ်းအနားကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို အမှတ် - ၁ စစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။