မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာရှိ စစ်ကော်မရှင်လက်အောက်ခံ ပျူရွာတွေကို ဝင်ရောက်တိုက်ခိုက်ပြီး သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ 8+ အညာမြေစစ်ဆင်ရေး အဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ တော်လှန်ရေးတပ်များက ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးတွေ ကြီးစိုးထားတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့နာပါ။

တိုက်ခိုက်မှုအတွင်း သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ပင်တောင်ပျူရွာကို ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ဆိပ်ဖြူမြို့ လက်နက်ထုတ်လုပ်ရေးတပ်က စစ်ကော်မရှင်တပ်သားများ တပ်ကူရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို 8+အညာမြေစစ်ဆင်ရေးအဖွဲ့၊ မြိုင်-ပကဖ၊ပေါက်-ပကဖ၊ MGY-တပ်၊PLC-ပြည်သူ့လွတ်မြောက်ရေးတပ်ဦးနဲ့ အခြားမဟာမိတ်များစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလကုန်ကနေ နိုဝင်ဘာပထမအပတ်အတွင်းထိ ပေါက်မြို့နယ်တောင်ပိုင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူတွေကို သတ်ဖြတ်တာ၊ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ 8+အညာမြေစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Video-8+ အညာမြေစစ်ဆင်ရေး အဖွဲ့
0 Shares:
You May Also Like
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

နွားထိုးကြီးမြို့လယ် နန္ဒဝန်ပန်းခြံဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုမှာ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းရဲဘော်တွေက အာဇာနည်နေ့အခမ်းအနားကျင်းပ (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့လယ်ရှိ နန္ဒှဝန်ပန်းခြံဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုမှာ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းရဲဘော်တွေက အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ စစ်သား ၁ ယောက်သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များကို KIA လက်နက် ၁၀၀ ကျော် တပ်ဆင်ပေး (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေကို KIA က လက်နက် ၁၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းက ဆိုပါတယ်။
Read More

တန့်ဆည်မြို့ လယ်မရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် လယ်မရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၃ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်အုပ်စု၏ အဓမ္မပေါ်တာဆွဲခံထားရသည့် တပ်သား ၁ ဦး အလင်းဝင် (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းက တပ်သား ၁ ယောက် လက်ပံတန်းမြို့နယ်ပကဖအဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။