မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်တွင် ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ချခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်ကျင်ခန့်က အကြမ်းဖက် စစ်တပ်ရဲ့ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

ပျက်ကျမှုကြောင့် ပါရာမော်တာပေါ်ရှိ အကြမ်းဖက် စစ်သားများ သေဆုံးခြင်းရှိမရှိကို မြိုင်ပကဖမှ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Video-မြိုင်ပကဖ
0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် လေးအိမ်တန်းရွာက အကြမ်းဖက်စစ်တပ်ရဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ပန်း နှစ်ယောက် ဖမ်းဆီးမိခဲ့တယ်လို့ OneMore စစ်ကြောင်းဆီက သိရပါတယ်။
Read More

အောင်လံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း အတုအယောင် ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၁၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် တပ်သား ၄၇၅ ယောက်အလင်းဝင်ခဲ့ဟု NUG ထုတ်ပြန် (ရုပ်/သံ)

၂၀၂၄ နှစ်စကနေ နိုဝင်ဘာလအထိ ၁၁ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၄၇၅ ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဝန်ကြီးချုပ်ရုံး‌ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ စကား‌ပြောကြားခြင်း(Press Briefing) အစီအစဉ် ၄/၂၀၂၄ မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Read More

စစ်ကောင်စီ တပ်ခွဲမှူးသင်တန်းဆင်းများ ယာဉ်တန်းတိုက်ခိုက်ခံရ၊ ခွဲမှူး ၈ ဦးနှင့် ယာဉ်မောင်းတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းက တပ်ခွဲမှူး သင်တန်းဆင်းတွေပါတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ခွဲမှူး ၈ ယောက်နဲ့ ယာဉ်မောင်းတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ People Defence Force - Thandaung က သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ထားဝယ်-သရက်ချောင်းကားလမ်းပိုင်း ရွှေဂူတောင်ကျောင်းပေါ်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၄ ‌ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်-သရက်ချောင်းကားလမ်းပိုင်းရှိ ရွှေဂူတောင်ပေါ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် က သတင်းထုတ်ပြန်ထားပါတယ်။