စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Spring Dove မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ယာဉ် ၃ စီးပေါ်မှာ အင်အားအပြည့်တင်ဆောင်လာပြီး မအူဂိတ်မှာ Faw ယာဉ် ၁ စီး၊ ၁၂ စီး ကား ၁ စီးနဲ့ အချိန်း အပြောင်းအပြောင်းလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေကို မန္တလေး-မုံရွာလမ်းမပေါ်မှာ အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၄) တပ်ခွဲ (၄)နဲ့ 5/ Teacher Force မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) တို့ ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Spring Dove

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ ယောက်နှင့် သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၇ ရက်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ထံက သိရပါတယ်။
Read More

ရခိုင်ပြည်ပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေအား ဖမ်းဆီးခဲ့သည့် ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည်‌ရေပိုင်နက်အတွင်း သြဂုတ် ၃၁ ရက်က ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို AA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF ဆေးမှူး ရဲဘော် Lightning ၏ စျာပန (ရုပ်/သံ)

ပဲခူး-ရန်ကုန် လမ်းပိုင်းတိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ဆေးမှူး Lightning ရဲ့ နာရေးစျာပနရုပ်သံကို Southern Eagle PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ CDF-Mindat ( Drone Team)ရဲ့ တိုက်ပွဲဝင်ပုံရိပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ပွဲဝင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို CDF-Mindat (သတင်း ပြန်ကြားရေး နှင့် မှတ်တမ်းဌာန)မှ ထုတ်ပြန်လိုက်ပါတယ်။