အာဏာတည်မြဲရေးအတွက် ခေတ်အဆက်ဆက် တရုတ်ကို အားကိုးခဲ့ရတဲ့ စစ်အုပ်စုအနေနဲ့ တရုတ်ရဲ့ တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကိုထောက်ခံပြီး ထိုင်ဝမ်အရေး တရုတ်ဘက်က ရပ်တည်သွားမှာဖြစ်တယ်လို့ ၄င်းတို့ရဲ့ ပြောခွင့်ရ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ရဲ့ ထိုင်ဝမ်အရေးပြောဆိုမှုအပေါ် မီဒီယာတွေက သဘောထား မှတ်ချက်မေးမြန်းခဲ့ရာမှာ ဇော်မင်းထွန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ တရုတ်ရဲ့တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် ခိုင်မာစွာထောက်ခံရပ်တည်တယ် ဆိုတာကို မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံချိန်တုန်းကလည်း ထပ်လောင်းအတည်ပြု ပြောကြားထားခဲ့ပြီးဖြစ်သလို နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ရဲ့ ပထမအချက်ပါအတိုင်း တရုတ်နိုင်ငံရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် မြန်မာက လေးစားပြီး အစဉ်အမြဲထောက်ခံရပ်တည်နေတယ်လို့ ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

“တရုတ် မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံများနဲ့ အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်နေတဲ့နိုင်ငံများ ဖြစ်ပါတယ်။ ဒီအချက်အပေါ်မှာ မြန်မာက အထူးအလေးထား တန်ဖိုးထားပါတယ်” လို့လည်း ဇော်မင်းထွန်းက ဆိုပါတယ်။

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါက ဒါဟာ ဂျပန်တွေရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်တာလို့ သတ်မှတ်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Mrs. Takaichi က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ရက်က ပါလီမန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ အခုလို ပြောဆိုမှုကြောင့် တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေပေမဲ့ ဂျပန်ဝန်ကြီးချုပ်ကတော့ သူ့ရဲ့ပြောဆိုမှုအပေါ် တရုတ်နိုင်ငံကို တောင်းပန်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတွေကို မြန်မာပြည်သူတွေ လိုအပ်နေ

မြန်မာ့အရေးမှာ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကူညီထောက်ခံမှုမျိုးကို မြန်မာပြည်သူတွေ အဓိက လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

တောင်ကိုရီးယားလေဆိပ်မှာ ခရီးသည်တင်လေယာဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြား သေဆုံးနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ထွက်ခွါလာတဲ့ Jeju လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စီးဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြားသေဆုံးနိုင်တယ်လို့ တောင်ကိုရီးယားရဲ့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။