ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒဏ်ရာရ ရဲဘော်တွေအတွက် အာရက္ခတပ်တော်က ငွေကျပ် ၄၂ သိန်း အပါအဝင် ကဗျာစာအုပ်နဲ့ လွယ်အိတ်တွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) က ထုတ်ပြန်ပါတယ်။ 

အာရက္ခတပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ‘သူပုန်ဖြူ Team’ အဖွဲ့ကနေ အခုလို ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပြီး ငွေကျပ် ၄၂ သိန်း၊ လွယ်အိတ် ၄၂ လုံးနဲ့ ဒေါက်တာညိုထွန်းအောင်‌ ရေးသားခဲ့တဲ့ သူပုန်ဖြူကဗျာစာအုပ် ၄၂ အုပ်တို့ကို ပေးပို့လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

အာရက္ခတပ်တော် သူပုန်ဖြူအဖွဲ့က ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေအတွက် အခုလို ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပြီး CNO/CNDF အနေနဲ့ ကောင်းမွန်စွာလက်ခံရရှိကာ အထူးကျေးဇူးတင်မှတ်တမ်းတင်တယ်လို့ CNO/CNDF က ထုတ်ပြန်ပါတယ်။ 

ရခိုင်တော်လှန်ရေးနဲ့ မြန်မာ့နွေဦးတော်လှန်ရေး အကြောင်းအရာတွေပါဝင်တဲ့  ‘သူပုန်ဖြူ’ လို့ အမည်ရတဲ့ ကဗျာစာအုပ်ကို ပြီးခဲ့တဲ့မေလအတွင်းမှာ အာရက္ခတပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ရေးသားထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ၊ မြန်မာ နှစ်ဘာသာနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ အဲဒီကဗျာစာအုပ်ကို အွန်လိုင်းကတဆင့် လေလံတင် ရောင်းချခဲ့သလို ပြည်ပနိုင်ငံတွေမှာလည်းရောင်းချခဲ့ရာမှာ  အမေရိကန်ဒေါ်လာ ၄၀၀၀၀ ခန့်အထိ ရရှိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ်က မီးလောင်ဗုံး တွင်တွင်ကျယ်ကျယ် အသုံးပြုလာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းစားနေသည့် ထန်းတက်မိသားစုဝင် ၃ဦး မီးလောင်သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့လို့ ၉နှစ်အရွယ် ကလေးငယ် ၁ယောက် အပါအဝင် ထန်းတက်သမားမိသားစုဝင်​ ၃ယောက် သေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာသည့် တော်လှန်ရေး၏ ပန်းတိုင်ကို ယနေ့အချိန် မြင်နေရပြီဟု NUG ယာယီသမ္မတ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။