ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် ဒီမနက် ၉ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ အကြမ်းဖက်စစ်တပ်က ရေအိုစဥ်ရွာအုပ်စု၊ သရက်တောကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံး ကြဲချခဲ့ရာ ညီအစ်မတွေထဲက အကြီးဆုံးဖြစ်တဲ့ ၁၆ နှစ်အရွယ် မချမ်းမီမီအောင် သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် အမွှာလေးတွေဖြစ်တဲ့ မယွန်းမီမီအောင်နဲ့ မယွန်းမီမီဇော်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဘာကြောင့် ဒရုန်းနဲ့ ကြဲလဲဆိုတာတော့ မသိရဘူး။ မင်္ဂလာဆောင်ကို လာကြဲတာ၊ ဒါကို ဘေးအိမ်ကို ထိသွားတာ။ လက်ရှိ ရွာသားတွေကတော့ အနည်းငယ် ရှောင်တိမ်းတာမျိုးတော့ ရှိတယ်။ သရက်တောရွာက အခုလို ဒရုန်းနဲ့ ကြဲချခံရတာ ပထမအကြိမ်ပါပဲ” လို့ အုတ်တွင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ မင်္ဂလာဆောင်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲ မဟုတ်ဘဲ အရပ်သားပြည်သူတွေ ပြုလုပ်တဲ့ပွဲဖြစ်ပြီး စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေး ၂ ယောက်လည်း ဆေးကုသမှုခံယူနေကာ စိုးရိမ်ရတဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာက မင်္ဂလာဆောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲထင်ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးကာ အမျိုးသား ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်အုပ်စု ဗုံးကြဲမှုကြောင့် ထိမှန်ဒဏ်ရာရခဲ့သည့် ၁၀ နှစ်အရွယ် အမြွှာညီအစ်မ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်းမပြုဖို့ သတိပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ ၆ ရက်မြောက်ရှိပြီဖြစ်ပြီး မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာလည်း တိုက်ပွဲ ပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်း မပြုဖို့ ထပ်မံ မေတ္တာရပ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ 
Read More

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်၏ ထောက်ပို့ငွေနှင့် ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြားနှင့် ကျည်ကာဦးထုပ်များ တပ်ဆင်ခဲ့သည့် ရန်ကုန်တိုင်းစစ်ဌာန

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ရဲ့ ထောက်ပို့ငွေနဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြား၊ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။