ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို ဝင်ရောက်ရှင်းလင်းရာ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်လို့ အ ကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့ အပေါင်းအပါ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၁၈ ရက်ကစလို့ ရွှေကုက္ကိုလ် နယ်မြေအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ နိုဝင်ဘာလ ၂၀ ရက် မနေ့ကအထိ ၃ရက်အတွင်း နိုင်ငံခြားသား ၁၀၁၆ ယောက်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံးနဲ့ လုပ်ငန်းသုံး ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ တရုတ်နိုင်ငံသားနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ အများဆုံးပါဝင်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ နိပေါ၊ ထိုင်း၊ ကင်ညာ၊ ယုဂန်ဒါ၊ ဗီယက်နမ်၊ အီသီယိုပီးယား၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယား စတဲ့ နိုင် ငံတွေအပြင် အာဖရိကတိုက်ရှိ နိုင်ငံငယ်တချို့က နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ အကြမ်းဖက် စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အဆိုပါ နိုင်ငံခြားသားတွေကို ရွှေကုက္ကိုလ် မြိုင်ကျေးရွာ လုံထင်းဝန်းရှိ အဆောက်အဦးမှာ ထိန်းသိမ်းထားရှိပြီး အတည်ပြုစစ်ဆေးနိုင်တဲ့ နိုင်ငံခြားသား ၆၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတကာက ကျားဖြန့်လုပ်ငန်းတွေကို ဖြေရှင်းဖို့ အာရုံစိုက်လာချိန် အာဏာသိမ်း စစ်ကော်မရှင်က မြဝတီမြို့နယ် KK Park နဲ့ ရွှေကုက္ကိုလ်နယ်မြေက ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ရှင်းလင်းမှုတွေ လုပ်ဆောင်လာတာဖြစ်ပြီး KK Park ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ အဆောက်အဦး ၆၃၅ လုံးထဲက ၁၈၂ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ကျန်တဲ့ ၄၅၃ လုံးကို ဆက်လက် ဖြိုချနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ကန့်သတ်ပိတ်ဆို့မှု၊ ဖိအားပေးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ BGF ခေါင်းဆောင်တွေက ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ် ရှင်းလင်းသွားမယ်လို့ ပြောဆိုလာတာကြောင့် ကျားဖြန့်လုပ်သားတွေ ထောင်နဲ့ချီ တိမ်းရှောင်ထွက်ပြေးခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျားဖြန့် အဓိက တရားခံ အာဏာသိမ်းစစ်တပ်ဟာ ငွေလိမ်ဂိုဏ်းတွေကို ကရင်ပြည်နယ်အတွင်း တခြားနေရာ ၂ခုဆီ ပြောင်းရွှေ့နေရာချထားပေးနေတယ်လို့ ပြောဆိုထားပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း နိုင်ငံတကာအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို မြန်မာစစ်တပ်နဲ့ ပူးပေါင်းဖြိုခွင်းခြင်းဟာ ပြဿနာအရင်းခံကို မဖြေရှင်းနိုင်ဘဲ ပိုမိုဆိုးဝါးစေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် တောင်ပိုင်းကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ We Love Myaing က အောက်တိုဘာ ၇ ရက် မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရပ်သား ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီ တာဝန်ယူရမည်ဟု PDF TRI ဗျူဟာမှူး သတိပေး…

တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး တာဝန်ယူစေရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားလိုက်ပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းနယ်တွင် ၃ နှစ်နီးပါး တပ်စွဲထားသည့် ပျူစခန်းတိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မီးကောက်ပင်ကျေးရွာမှာ သုံးနှစ်နီးပါးအ ထိုင်ချတပ်စွဲထားတဲ့ ပျူစခန်းကိုသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁တပ်ခွဲ ၁ တပ်ခွဲမှူးဆီက သိရ ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၅ ဦး သေ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားသည့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ဒရုန်းတွေ အသုံးပြုပြီး သိမ်းဆည်းရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings (FW) ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။