ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) တိုက်ခိုက်ရေးအဖွဲ့ကို အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ အဆိုပါ အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ရေးလိုအပ်ချက်အရ ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) ကို အခုလို PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းမှာ ဖြစ် ပြီး တပ်ရင်းအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ဖို့  စိစစ်ဆဲဖြစ်ပေမယ့် အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့  တာဝန်တွေ စတင်ထမ်းဆောင်နေပြီလို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်းပကဖတပ်ဖွဲ့ (၁) ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ ရန်ကုန်တိုင်း ပကဖ  တိုက်ခိုက် ရေး တပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပကဖ လုပ်ငန်းစဉ်တွေနဲ့  စစ်ဆင်ရေးတာဝန်တွေကို ဆောင်ရွက်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တပ်ဖွဲ့ (၁) ဟာ မဟာမိတ် ERO တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲပေါင်းများစွာကို ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲမှာလည်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့ တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ 

အဆိုပါတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလအတွင်း ခရမ်းမြို့နယ် ဒေးပေါက်လမ်းဆုံရှိ အကြမ်းဖက်စစ်အုပ်စု စစ်ဆေးရေးကို ဖောက်ခွဲတိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုပေါင်းများစွာကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကာကွယ်ရေးဝန်ကြီးဌာန MOD အမှတ် ၁ စစ်ဒေသမှာ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းခဲ့ပြီး မဟာမိတ် EROs တပ်တွေ၊ LPDF တွေနဲ့ အတူ စစ်ဆင်ရေး အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်က လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သား ၁ ယောက်ကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ဒီဇင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းကို တိုက်ခိုက်နိုင်ဖို့ တစ်နှစ်အချိန်ယူပြင်ဆင်ခဲ့ပြီး ပူးပေါင်းပါဝင်မှုတွေက အရေးပါခဲ့တယ်လို့ ပကဖ ပြော

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က စစ်ကောင်စီရဲ့ ရှမ်းတဲလေတပ်စခန်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ Y-12 စစ်လေယာဉ် ၂ စီး အပါအဝင် ထုတ်လုပ်ရေးအဆောက်အအုံ ၂ လုံးနဲ့ အရာရှိတွေ ထိခိုက်သွားကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်ကိုင်းတက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ တပ်ကူလာတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး အယောက်၂၀ နီးပါး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တက္ကသိုလ်ဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်နဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားအယောက် ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAGAING PDF ထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲပေးရန် နာရီပိုင်းအလိုတွင် ကမာရွတ် မြို့နယ်ရွေးကော်ရုံးအား ပြောက်ကျားတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က စစ်အုပ်စုရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ခုက ဒီဇင်ဘာလ ၂၈ရက် ဒီမနက်အစောပိုင်းမှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။