ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့ မှတ်တမ်းရုပ်သံဟာ လူမှုကွန်ရက်ပျံ့နှံ့လာပါတယ်။

”ကလေးတစ်ယောက်သေတယ်တဲ့။ လူကြီးက ဗိုက်ပွင့်သွားတယ်လို့တော့ ပြောနေကြတယ်။ တကယ်စိတ်မကောင်းစရာပါဗျာ”လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကလေးတစ်ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေရှိသလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရှေ့တန်းရဲဘော်များအတွက် မိုးကာနှင့် လိုအပ်ချက်များ ဝယ်ယူနိုင်ဖို့ ထောက်ပို့ထီ အားပေးကြရန် KNDF/ B-15 မေတ္တာရပ်ခံ (ရုပ်/သံ)

မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ရှေ့တန်းရောက်ရဲဘော်တွေ လိုအပ်လာတဲ့ မိုးကာနဲ့ လိုအပ် ချက်တွေကို ဝယ်ယူဖြည့်တင်းနိုင်ဖို့ KNDF/ B-15 က ရောင်းချပေးနေတဲ့ ထောက်ပို့ထီကို ဝယ်ယူအားပေးကြဖို့ တော်လှန်ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။
Read More

ရဲစခန်းအတွင်း မူးယစ်သောက်စားပြီး PDF တွေကို စိန်ခေါ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Salingyi) ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို ကြားဖြတ်တိုက်ခိုက်(ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Groupမှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ စစ် ကော်မရှင်ရေယာဉ် ၁၅ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။