ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အောက်တိုဘာလအထိ ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မျက်နှာပြင် နေရာအသီးသီးမှာ ဒုတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရတာဖြစ်ပြီး တပ်ရင်းအတွက် အဓိက အားကိုးရတဲ့သူတွေကို ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ဇူလိုင်ကစပြီး ကျတာ၊ အခု အောက်တိုဘာထဲ နောက်ဆုံးကျတာက ဒုတိယတပ်ရင်းမှူးပါ။ အားကိုးရတဲ့ ရဲဘော်တွေဆိုတော့ ဆုံးရှုံးမှုက ကြီးပါတယ်” လို့ ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်းPDF တပ်ရင်း (၃) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပက်သက်ပြီးတော့ “ရဲဘော်တို့သည် ပြည်သူများနှင့် တိုင်းပြည်ရှေ့ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး တာ၀န်ကျေပွန်ခဲ့ကြပြီးဖြစ်၍ တော်လှန်ရေးအောင်မြင်သည့် တနေ့ကိုမျှော်ကြည့်ရင်း ကောင်းရာမွန်ရာ၌ ကောင်းစွာ အနားယူနေကြမည်ဟု ယုံကြည်ပါသည်။ မိမိတို့အနေဖြင့် မပြီးဆုံးသေးသော တော်လှန်ရေးကို အားမာန်အပြည့်ဖြင့် ဆက်လက်တိုက်ပွဲ၀င်သွားမည်ဟု ပြည်သူလူထုနှင့် ကျဆုံးရဲဘော်များအား ကတိပြုပါသည်။ ရဲဘော်တို့အား အလေးနီပြုလိုက်ပါတယ်။” လို့ ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း(၃)က ဂုဏ်ပြုရေးသားထားပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေထဲမှာ စစ်ကိုင်းတိုင်းအတွင်းက PDF တပ်ရင်းတွေလည်း ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် “ပြည်သူများအနေနဲ့လည်း အမှန်တကယ် ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ PDF တပ်ဖွဲ့၀င်များကို နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်းနဲ့ နိုင်သလောက် ဆက်လက်ပါ၀င်ပေးကြပါ။ အခုထိလည်း ကျန်ရှိတဲ့ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်” လို့ တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားတပ်မတော် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်အဖွဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် တွေ့ဆုံ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) - ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်းနဲ့ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်လှဌေး တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူ ကပစ ၂၂ မှ ကင်းလှည့်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းနင်းမိလို့ ၂ ဦး ခြေပြတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို Sniper အဖွဲ့ သွားရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

မြစ်ဝကျွန်းပေါ်သားများ၏ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပိုမိုပြည့်စုံစေလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော ပြည်သူများ တော်လှန်ရေးနှင့် အတူတကွ ရှိနေပေးရန် တိုက်တွန်း

နိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမယ့် တော်လှန်ရေးနဲ့အတူ ပြည်သူတွေ ဆက်လက်ပြီး အတူတကွ ရှိနေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကတဆင့် ပြောကြားလိုက်ပါတယ်။
Read More

တောင်ငူခရိုင် PDF တပ်ရင်း ၂ စိုးမိုးနယ်မြေအတွင်း ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူခရိုင် PDF တပ်ရင်း ၂ စိုးမိုးနယ်မြေအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…