အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ၂ယောက်ဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို ကာလတန်ဖိုးကြီးမားတဲ့ ဘဏ္ဍာပစ္စည်းယူမှုနဲ့ စည်းမျဉ်းစည်းကမ်းချိုးမှုကြောင့် တာဝန်ကနေ ရပ်စဲပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ MDY PDF က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီဖြစ်စဥ်အတွက် ပြီးခဲ့တဲ့ ဩဂုတ်လမှာ အဆိုပါ ဗဟိုကော်မတီဝင် ၂ယောက်က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ဘဏ္ဍာပစ္စည်းတွေ ပြန်လည်အပ်နှံဖို့နဲ့ ပြစ်ဒဏ်ခံယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် အခုချိန်ထိ ပြစ်ဒဏ်မပေးရသေးတာကြောင့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်တွင်းစည်းကမ်းထိန်းသိမ်းရေးနဲ့ အပြစ်ပေးအရေးယူတာတို့ကို အများပြည်သူတွေဆီ အသိပေးထုတ်ပြန်တာမရှိပေမယ့် အခုလို တော်လှန်ရေးခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေမှာ သတင်းမှားတွေ မဖြစ်ဖို့အတွက် ထုတ်ပြန်ရတာဖြစ်တယ်လို့ MDY PDF က ဆိုပါတယ်။

“(ကိုမုန်တိုင်း) သူ့အိမ်မှာ မနက် ၄ နာရီလောက် လာဝင်ဖမ်းတာ၊ MOD က ကိုစိုးသူရဇော်အမိန့်နဲ့ ဖမ်းတယ်။ ဖမ်းလို့လာတဲ့လူဦးရေက တပ်ရင်း ၁ ရင်းစာရှိတယ်လို့ပြောတယ်။ ကိုမုန်တိုင်းကို ဖမ်းသွားပြီး အဲဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ ကိုနိုင်ကြီးကို ထပ်ဖမ်းတယ်။ ခေါင်းဆောင်နှစ်‌ယောက်ကိုတော့ ဖမ်းထားတယ်။ ဘယ်ကိုဖမ်းသွားလဲဆိုတာတော့ မသိရဘူး” လို့ ကိုမုန်းတိုင်းနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

MDF PDF ရဲ့ စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်းနဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ကိုနိုင်ကြီးတို့ဟာ တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့အပြင် ပြစ်မှု သဘောသဘာဝအရ သာမန်တပ်တွင်း ဆုံးဖြတ်စီရင်မှုနဲ့ မသင့်တော်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ကနေ လိုသလို ဆုံးဖြတ်ဆောင်ရွက်နိုင်ဖို့ တင်ပြထားတယ်လို့ MDY PDF က ဆိုပါတယ်။

MDY PDF ဟာ ပြီးခဲ့တဲ့နှစ် ရှမ်း-မန်းစစ်ဆင်ရေးအပြီး မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာမြို့နယ်တွေကို နယ်မြေစိုးမိုးအုပ်ချုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဦးက AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ သေဆုံးမှုရှိဟု သိရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရက္ခိုင့်တပ်တော် AA ရဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်အချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖားကန့်တွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး၊ ၁၄ နှစ်အရွယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လမှ ယခုချိန်အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား အမျိုးသား (၁၁၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲဝင်မည့် ပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း မရှိဟုဆိုကာ UEC ဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သူ များနေသည်ဟု ဆိုခဲ့သည့် ဒေါ်စန္ဒာမင်း၏ NDF ပါတီလည်း ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် သက်တမ်းနှင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ရှိမရှိ ဆက်ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အခြားအစီအစဉ်တွေနဲ့အတူ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မလွှတ် ဆက်လက်ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က စနေနေ့မှာ ပြောပါတယ်။