ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒဏ်ရာရ ရဲဘော်တွေအတွက် အာရက္ခတပ်တော်က ငွေကျပ် ၄၂ သိန်း အပါအဝင် ကဗျာစာအုပ်နဲ့ လွယ်အိတ်တွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) က ထုတ်ပြန်ပါတယ်။ 

အာရက္ခတပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ‘သူပုန်ဖြူ Team’ အဖွဲ့ကနေ အခုလို ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပြီး ငွေကျပ် ၄၂ သိန်း၊ လွယ်အိတ် ၄၂ လုံးနဲ့ ဒေါက်တာညိုထွန်းအောင်‌ ရေးသားခဲ့တဲ့ သူပုန်ဖြူကဗျာစာအုပ် ၄၂ အုပ်တို့ကို ပေးပို့လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

အာရက္ခတပ်တော် သူပုန်ဖြူအဖွဲ့က ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေအတွက် အခုလို ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပြီး CNO/CNDF အနေနဲ့ ကောင်းမွန်စွာလက်ခံရရှိကာ အထူးကျေးဇူးတင်မှတ်တမ်းတင်တယ်လို့ CNO/CNDF က ထုတ်ပြန်ပါတယ်။ 

ရခိုင်တော်လှန်ရေးနဲ့ မြန်မာ့နွေဦးတော်လှန်ရေး အကြောင်းအရာတွေပါဝင်တဲ့  ‘သူပုန်ဖြူ’ လို့ အမည်ရတဲ့ ကဗျာစာအုပ်ကို ပြီးခဲ့တဲ့မေလအတွင်းမှာ အာရက္ခတပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ရေးသားထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ၊ မြန်မာ နှစ်ဘာသာနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ အဲဒီကဗျာစာအုပ်ကို အွန်လိုင်းကတဆင့် လေလံတင် ရောင်းချခဲ့သလို ပြည်ပနိုင်ငံတွေမှာလည်းရောင်းချခဲ့ရာမှာ  အမေရိကန်ဒေါ်လာ ၄၀၀၀၀ ခန့်အထိ ရရှိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့နယ်တွင် စစ်ကျန်လက်နက်ပစ္စည်းကို ဆော့ကစားမိရာမှ ပေါက်ကွဲပြီး ကလေး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ တိုက်ပွဲတွေကနေ ကျန်ရစ်ခဲ့တဲ့ စစ်ကျန် လက်နက်ပစ္စည်းကို ယူဆော့ကစားမိရာကနေ ပေါက်ကွဲပြီး ကလေး ၁ ယောက် သေဆုံးကာ ၂  ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီနှင့် မင်းအုပ်စိုး၊ နေဒွေး၊ ငြိမ်းချမ်း၊ တို့အပါအဝင် အနုပညာရှင်အချို့ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ USDP ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ခင်ရီနဲ့ ပါတီ အမှုဆောင်တွေဟာ မင်းအုပ်စိုး၊ နေဒွေး၊ ငြိမ်းချမ်းတို့ အပါအဝင် အဆိုတော်၊ ဟာသသရုပ်ဆောင်အချို့တို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ USDP က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမှ လေညာဘက် လာသည့် စစ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါ အယောက် ၂၀ ကျော် သေပြီး ပြန်ထွက်ပြေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက် ဦးတည်တက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ယာဥ်တန်းကို အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြား သေဆုံးကာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ကော့သောင်းခရိုင် ကျေးရွာတွေထဲ စစ်တပ် စစ်ကြောင်းထိုး မီးရှို့ပြီး အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးထား၊ စစ်တပ်လက်ပါးစေ အုပ်ကြီး ၁ယောက်ကို ကော့သောင်းပကဖ အိမ်ထဲအထိ ဝင်ရောက်ရှင်းလင်း

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်မှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ကာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။