ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် ဒီမနက် ၉ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ အကြမ်းဖက်စစ်တပ်က ရေအိုစဥ်ရွာအုပ်စု၊ သရက်တောကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံး ကြဲချခဲ့ရာ ညီအစ်မတွေထဲက အကြီးဆုံးဖြစ်တဲ့ ၁၆ နှစ်အရွယ် မချမ်းမီမီအောင် သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် အမွှာလေးတွေဖြစ်တဲ့ မယွန်းမီမီအောင်နဲ့ မယွန်းမီမီဇော်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဘာကြောင့် ဒရုန်းနဲ့ ကြဲလဲဆိုတာတော့ မသိရဘူး။ မင်္ဂလာဆောင်ကို လာကြဲတာ၊ ဒါကို ဘေးအိမ်ကို ထိသွားတာ။ လက်ရှိ ရွာသားတွေကတော့ အနည်းငယ် ရှောင်တိမ်းတာမျိုးတော့ ရှိတယ်။ သရက်တောရွာက အခုလို ဒရုန်းနဲ့ ကြဲချခံရတာ ပထမအကြိမ်ပါပဲ” လို့ အုတ်တွင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ မင်္ဂလာဆောင်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲ မဟုတ်ဘဲ အရပ်သားပြည်သူတွေ ပြုလုပ်တဲ့ပွဲဖြစ်ပြီး စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေး ၂ ယောက်လည်း ဆေးကုသမှုခံယူနေကာ စိုးရိမ်ရတဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာက မင်္ဂလာဆောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲထင်ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးကာ အမျိုးသား ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်အုပ်စု ဗုံးကြဲမှုကြောင့် ထိမှန်ဒဏ်ရာရခဲ့သည့် ၁၀ နှစ်အရွယ် အမြွှာညီအစ်မ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးမှုကြောင့် စစ်ကောင်စီ ဝါဒဖြန့်ချိရေး MRTV ဝန်ထမ်း အဖမ်းခံရ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က ဝန်ထမ်း မနှင်းယဉ်ဖြူကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကတစ်ဆင့် သိရပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို CDF-Asho တိုက်ခိုက်သိမ်းပိုက်၊ စခန်းစွန့်ခွာရသွားသည့် စစ်အုပ်စုများက အရှိုချင်းရွာ၂ ရွာမှ ဒေသခံ ၁၄ ဦးခန့်ကို ဖမ်းဆီးထား

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းကုန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Chin Defence Force - Asho က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးနယ်အရှေ့ဘက် စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို စစ်အုပ်စုကဗုံးကြဲ၍ ဒေသခံ သုံးဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်အရှေ့ဘက်က စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို စစ်အုပ်စုကဗုံးကြဲလို့ ဒေသခံ သုံးယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။