အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်လို့ အဖမ်းခံရသူတွေထဲမှာ ရန်ကုန်မြို့က အများဆုံး ပါဝင်နေတယ်လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင်က တိုက်ရိုက် ခြိမ်းခြောက်နေသော လွတ်လပ်စွာပြောဆိုခွင့် အစီရင်ခံစာနဲ့ စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်ကနေ လက်ရှိ နိုဝင်ဘာအထိ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခဲ့သူ ၁၀၀ ကျော်ရှိနေပြီး ထောင်ဒဏ် နှစ်နဲ့ချီ အမိန့်ချမှတ်တာတွေရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အဆိုပါ ဥပဒေနဲ့ ဖမ်းဆီးခံရသူတွေအနက် ရန်ကုန်တိုင်းက ဖမ်းဆီးခံရသူ ၁၆ ယောက်နဲ့ အများဆုံးပါဝင်နေပြီး မန္တလေးတိုင်းက ၂ ယောက်၊ ကရင်နီပြည်နယ် ၅ ယောက်၊ ရှမ်းပြည်နယ် ၂ယောက်၊ ဧရာဝ တီတိုင်း ၃ယောက်၊ ကရင်ပြည်နယ် ၂ယောက်၊ မွန်ပြည်နယ် ၁ယောက်နဲ့ ပဲခူးတိုင်းက ၃ယောက် ဖြစ်ပြီး အခြား မြို့နယ်အတည်မပြုနိုင်သူတွေလည်း ပါရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒါ့အပြင် အတုအယောက်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ဝေဖန်ပြောဆိုလို့ ဖမ်းဆီးခံရသူတွေထဲမှာ  လူမှုကွန်ကနေ ဝေဖန်မှုကြောင့်  ဖမ်းဆီးခံရမှု ၃၄.၄ ရာခိုင်းနှုန်းရှိပြီး အခြားဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူ ၆၅.၆ ရာခိုင်နှုန်း ရှိတယ်လို့ Myanmar Internet Project အဖွဲ့က ထုတ်ထားပါတယ်။

အဆိုပါ အခြားဖြစ်စဉ်ထဲမှာ ပါတီဆိုင်းပုဒ်တွေကိုဖျက်ဆီးတာ၊ ကိုယ်စားလှယ်လောင်းကို ကိုယ်ထိလက်ရောက် ပြုလုပ်တာ၊ မဲမပေးဖို့ပြောဆိုတာနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပါဝင်သူတွေအပေါ် ကိုယ်ထိလက်ရောက် ပြုလုပ်တာတွေကို အကြောင်းပြုပြီး စစ်အုပ်စုက စွပ်စွဲဖမ်းဆီးထားတာလို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ ပြီးခဲ့တဲ့ဇူလိုင်က အကြမ်းဖက်စစ်အုပ်စု တရားမဝင် ပြဌာန်းလိုက်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၄ အရ ဖမ်းဆီးခံရတာ အများဆုံးဖြစ်ပြီး အဲဒီပုဒ်မအရ ထောင်ဒဏ်ငါးနှစ်ကနေ ဆယ်နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
Read More

ရွှေဘို၊ မြင်းချင်းပျူစောထီးရွာက စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေပြီး ၁၀ ယောက်ကျော် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

ပျူစောထီးမင်းမင်းကို သုတ်သင်ရှင်းလင်းမှုကိစ္စမှာ တာဝန်ရှိတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ထောင်အချုပ် ၁ နှစ်စီ ချမှတ်…

ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မတ္တရာမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ဒဏ်ရာရ၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay ထံက သိရပါတယ်။