မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်မှုရှိခဲ့သလို တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးခဲ့ရတယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းကနေ ထနောင်းပင်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကော်မရှင်ဘက်က အထိအခိုက်များခဲ့သလို တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်က သေဆုံးနဲ့ ဒဏ်ရာရရှိသူတွေကို မြို့သာရဲစခန်းသို့ ကားနဲ့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  မြင်းခြံတိုက်နယ် (၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်‌ရေးအဖွဲ့နဲ့ နယ်မြေခံ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – နဂါးနီပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ မြိုင်ပဖက က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအမည်ခံ လုပ်စားနေသည့်အဖွဲ့များကို အရေးယူသွားမည်ဟု ပုဂံပြည်ဘီလူးတပ်ဖွဲ့ ပြောကြား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ‌တော်လှန်ရေးကို ပုံရိပ်ကျစေတဲ့ PDF အမည်ခံပြီး ဓားပြတိုက်ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေကို အရေးယူသွားမယ်လို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုဇီးက ပြောပါတယ်။
Read More

ညောင်ဦးမြို့မှ တင့်ကား ၃ စီးဖြင့် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့ကနေ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Democratic Army - PDA က သတင်းထုတ်ပြန်ထားပါတယ်။