စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိမ်းရှောင်ရင်း မိသားစုနဲ့ကွဲကာ အာဟာရပြတ်ပြီး လဲနေတဲ့ အဘွားအိုတစ်ယောက်ကို ဘေးလွတ်ရာသို့ ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၇ တပ်ရင်း ရဲဘော် ၁ ယောက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

”ကျနော်တို့စစ်ကြောင်းကြားထဲ အမေအိုတစ်ယောက် မိသားစုနဲ့ကွဲပြီး အာဟာရပြတ်လဲနေတာတွေ့တော့ ကျနော်တို့ မုန့်တွေကျွေး ရေတွေတိုက်ပြီး ဘေးကင်းရာ ပို့ဆောင်ခဲ့ရတယ်” လို့ အဆိုပါ ရဲဘော်က ရေးသားထားပါတယ်။

Video – Pyae Phyo Aung

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

နောင်ချိုမြို့ လူနေရပ်ကွက်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားတဲ့ ‌နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ (စက်တင်ဘာ ၁၉ရက်) မနက် ၃ နာရီဝန်းကျင်ခန့်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့ ရှိ ငလျင်ဒဏ်သင့် မြဝတီသီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ငလျင်ဒဏ်သင့် မြဝတီ သီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထူးချောင်းစခန်းကုန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးမှတ်တမ်း (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ကြားက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထူးချောင်းစခန်းကုန်းကို KNDF B-09 က ဒရုန်းစစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဖော်ပြလိုက်ပါတယ်။
Read More

ရွှေဘို-ရေဦးလမ်း ကျွန်းခြံနှင့် ဥသျှစ်ကန်သုဿန်မှာ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်း ကျွန်းခြံအတွင်းနဲ့ ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိ လာတဲ့ ပန်းရံပျူ၊ ခွန်းတောင်ကြီးပျူ၊ ဇီးကုန်းလေးပျူ၊ ဇီးကုန်ကြီးပျူနဲ့ အကြမ်းဖက်စစ်သား ပူးပေါင်းအင်အားကို မတ်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အနာဂတ်လူငယ်များ ထပ်ပြီး မဆုံးရှုံးရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ် (ရုပ်/သံ)

"စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး" လို့ ခါရာက ဆိုပါတယ်။