ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက် မနေ့ည ၁၁ နာရီ ဝန်းကျင်အချိန် ဖားကန့်ဗျူဟာကုန်းနဲ့ မရှီကထောင်ရပ်ကွက် ရခိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်တွေက လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဆိပ်မူရွာက ၂ နှစ်အရွယ် ချိုသန့်လွင် ဆိုတဲ့ ကလေးငယ် သေဆုံးခဲ့ပြီး အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက် ဒဏ်ရာရခဲ့သလို ရပ်ကွက် (၃) က ပြည်သူတစ်ယောက်လည်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ ၂ နေရာကနေပြီးတော့ ဆိပ်မူကျေးရွာဘက်ကို အရပ်သားနေအိမ်တွေကြားထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ အဓိကကတော့ ဆိပ်မူကျေးရွာ ရပ်ကွက် (၁) ဘက်ကို အများဆုံးကျတာပေါ့။ ကျန်တဲ့ ရပ်ကွက်တွေမှာလည်း ကျတာရှိတယ်။ ပေါက်ကွဲတာတွေ ရှိတယ်။ ထိခိုက်မှုကတော့ ကျန်တဲ့ ရပ်ကွက်တွေမှာ အနည်းအကျဥ်းပေါ့နော်။ ခြေဖမိုးကို ထိတာတို့ ဆေးရုံဆေးခန်းတက်ရတဲ့အဆင့် မဟုတ်ဘူး” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ ဆိပ်မူကျေးရွာ ရပ်ကွက် (၁) မှာရှိတဲ့ မိသားစု ၂ စုထံ ကျရောက်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၂ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရတာပါ။ ဒဏ်ရာရသူ ၅ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း စစ်တပ်ရဲ့ Y12 လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖားကန့်မြို့နယ် တောမှော်အတက်လမ်းရှိ ကထန်ကွက်သစ်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး သားအမိ ၂ ယောက်ကို ထိမှန်ကာ မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပါသေးတယ်။

စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆိပ်မူကျေးရွာ ဒေသခံများ ထိခိုက်သေဆုံးခဲ့ပုံ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ​ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်ဝဿန်၏ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအခမ်းအနား…

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်ကင်းပုန်းကို MBT ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ ကင်းပုန်းကို တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

ဂန့်ဂေါတွင် ခလရ ၅၀ အခြေစိုက် စစ်အုပ်စုများ စိုင်ဒူးရွာကို သေနတ်ဖောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရှော့တိုက်ဒုံးအပစ်ခံထားရတဲ့ ခလရ ၅၀တပ်က အကြမ်းဖက်စစ်အုပ်စုဟာ မြို့အနောက်မြောက်ဖက်ခြမ်း စိုင်ဒူးကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။