မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားတွေ တင်ဆောင်လာတဲ့ ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ပြီး အကျဥ်းသား တော်လှန်ရေး ရဲဘော် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူထံက သိရပါတယ်။

နိုဝင်ဘာလ ၁၉ရက် မနက်၇ နာရီဝန်းကျင်က ချောက်မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကော်မရှင်တပ်သားနဲ့ နိုင်ငံရေးအကျဥ်းသားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို အမှတ် (၃) ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရဲအင်အား ၆ ယောက်နဲ့ နိုင်ငံရေးအကျဥ်းသား ၅ ယောက် စီးနင်းလာတဲ့ အံစာတုံးကား ၁ စီးနဲ့ ရဲ ၄ ယောက် လိုက်ပါလာတဲ့ မက်တူးကား ၁ စီးအနက် လုံခြုံရေးယူလိုက်ပါလာတဲ့ မက်တူးကားကို စတင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်ပွိုင့်တစ်ခုအရောက်မှာ နိုင်ငံရေးအကျဥ်းသားတွေပါတဲ့ အံစာတုံးကားကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“နိုင်ကျဥ်းတွေပါတဲ့ကားကို ကျနော်တို့ စီးနင်းတိုက်ခိုက်တဲ့အချိန် လိုက်ပါလာတဲ့ ရဲဘော်က သူ့ကို ကယ်တာ ယူဆပြီး ခုန်ချလွတ်မြောက်လာတာပါ။ အဲ့အချိန်မှာ ရဲတွေက ပြန်ဆွဲတင်ဖို့လုပ်ပေမယ့် ကျနော်တို့ပစ်အားက ကောင်းနေတော့ သူတို့မသေအောင်ပဲ လုပ်ပြီး မောင်းပြေးသွားပါတယ်။ ကျနော်တို့လည်း ရဲဘော်ကိုသွားခေါ်ပြီး ဆုတ်ခဲ့လိုက်ပါတယ်” လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ရဲ ၂ ယောက် နေရာတင်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့လို့ ကား ၂ စီးလုံး မှန်တွေကွဲကာ ကျည်မှန်ရာအပြည့်ဖြစ်သွားတယ်လို့ သူကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်းနဲ့အတူ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Chauk Special Attack Force (မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ခွဲ-၅) ၊ Tiger Fighter Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဆိုသူဟာ Chauk Guerrilla Force (ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း) နဲ့ မြို့ပြစစ်ဆင်ရေးတွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ရဲဘော် နက်ရှိုင်း (ခ) မိုးညို ဖြစ်ပါတယ်။

Video – ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါတယ်။
Read More

မြင်းခြံမြို့နယ် စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးဆောင်ရွက် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၃ တပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းမှာ လုံခြုံရေးစစ်ဆေးဆောင်ရွက်နေတဲ့ ရုပ်သံဖိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

အဆုံးသတ် ရောင်နီကို မျှော်မှန်းရင်း တော်လှန်ခရီးကြမ်း လျှောက်လှမ်းနေသည့် လူငယ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂၊ အမှတ်-၇၈၀၅တပ်ရင်း အနေနဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။