မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ်တွေ ကျင်းပခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ ကြိုဆိုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ ကြားနာပွဲကတဆင့် အမေရိကန်အစိုးရထံ တိုက်တွန်းမှုတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်သလို ဒီလိုဆောင်ရွက်နိုင်ရေးအတွက် အမေရိကန်ကွန်ဂရက်ကနေ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ချမှတ်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ဆိုပါတယ်။

မြန်မာပြည်တွင်းမှာရှိနေတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန်ပြည်သူတွေရဲ့ ချွေးနှဲစာ ငွေတွေကို ခိုးယူနေတာကြောင့် ဒါတွေကို ကာကွယ်ပေးဖို့ ချက်ချင်းလုပ်ဆောင်ရမှာဖြစ်ကြောင်း ကွန်ဂရက်ကြားနာပွဲကနေ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အထက်ပါ ကွန်ကရက် ကြားနာမှုဟာ နိုဝင်ဘာ ၅ ရက်နဲ့ ၆ရက်နေ့တွေမှာ CRPH တာဝန်ရှိသူတွေနဲ့ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့ပြီးနောက် စီစဥ်ကျင်းပတဲ့ ကြားနာမှုဖြစ်ပြီး တွေ့ဆုံမှုအတွင်း CRPH ရဲ့ တင်ပြချက်တွေကို အလေးထားကာ ကြားနာမှုမှာ ထည့်သွင်းပြောဆိုခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ငွေလိမ်လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ အကျိုးစီးပွားတူ လက်နက်ကိုင်အဖွဲ့တွေက ခွင့်ပြုထားတာဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲနေသရွေ့ အဆိုပါ ရာဇဝတ်လုပ်ငန်းတွေ ဆက်လက်ရှင်သန် ကြီးထွားနေမှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်နိုင်ရေး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာကို အလေးအနက် တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ဦး အတွက် NUG အလုပ်သမားဝန်ကြီးဌာန လိုက်ပါကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူက တရုတ်ငွေလိမ်ဂိုဏ်းတွေ နေရာပြောင်း

ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးရန် စစ်အုပ်စုသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကြိုတင်မဲပေးနိုင်တယ်လို့ ဘန်ကောက်မှာရှိတဲ့ စစ်အုပ်စုရဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ 
Read More

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတိုက်လေယာဉ် ရောက်လာတာကြောင့် ထိုင်းလေတပ်မှ တိုက်လေယာဉ် ၂စီး အရေးပေါ် စေလွှတ် ထိုင်းစစ်တပ် အချိန်ပြည့် ကင်းလှည့်ကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အနီးကို မြန်မာစစ်ကောင်စီရဲ့ Yak-130 တိုက်လေယာဉ်ရောက်ရှိလာတာကြောင့် ကြားဖြတ်ရန် ထိုင်းအစိုးရဘက်မှ F-16 တိုက်လေယာဉ် ၂ စီးကို ထိုင်းလေတပ်ကနေ အရေးပေါ် စေလွှတ်လိုက်တယ်လို့ ထိုင်းတော်ဝင်လေတပ်ကနေ ထုတ်ပြန်ပါတယ်။