ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် ဒီမနက် ၉ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ အကြမ်းဖက်စစ်တပ်က ရေအိုစဥ်ရွာအုပ်စု၊ သရက်တောကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံး ကြဲချခဲ့ရာ ညီအစ်မတွေထဲက အကြီးဆုံးဖြစ်တဲ့ ၁၆ နှစ်အရွယ် မချမ်းမီမီအောင် သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် အမွှာလေးတွေဖြစ်တဲ့ မယွန်းမီမီအောင်နဲ့ မယွန်းမီမီဇော်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဘာကြောင့် ဒရုန်းနဲ့ ကြဲလဲဆိုတာတော့ မသိရဘူး။ မင်္ဂလာဆောင်ကို လာကြဲတာ၊ ဒါကို ဘေးအိမ်ကို ထိသွားတာ။ လက်ရှိ ရွာသားတွေကတော့ အနည်းငယ် ရှောင်တိမ်းတာမျိုးတော့ ရှိတယ်။ သရက်တောရွာက အခုလို ဒရုန်းနဲ့ ကြဲချခံရတာ ပထမအကြိမ်ပါပဲ” လို့ အုတ်တွင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ မင်္ဂလာဆောင်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲ မဟုတ်ဘဲ အရပ်သားပြည်သူတွေ ပြုလုပ်တဲ့ပွဲဖြစ်ပြီး စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေး ၂ ယောက်လည်း ဆေးကုသမှုခံယူနေကာ စိုးရိမ်ရတဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာက မင်္ဂလာဆောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲထင်ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးကာ အမျိုးသား ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်အုပ်စု ဗုံးကြဲမှုကြောင့် ထိမှန်ဒဏ်ရာရခဲ့သည့် ၁၀ နှစ်အရွယ် အမြွှာညီအစ်မ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ခြံအမှတ် (၅၄) ရဲ့ လေလံကြမ်းခင်းစျေးကို လျှော့ချပြီး လေလံပစ်ဖို့ တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တရားရုံး ကိုကန့်ကွက်ထား

ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံကို လေလံကြမ်းခင်းဈေးလျှော့ဖို့ ဦးအောင်ဆန်းဦးရဲ့ အဆိုကို ကန့်ကွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က  တရားရုံးကို လျှောက်လဲချက်တင်သွင်းခဲ့ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နှင့် မုဒုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၅ ခုကို RMA တိုက်ခိုက်၍ အရာရှိ ၁ ဦးအပါ ထိခိုက်သေဆုံးသူ များရှိခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ မုဒုံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း ၅ ခုကို ရာမညမွန်တပ်တော် (RMA) က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရာရှိ ၁ ယောက် အပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ သတင်းထုတ်ပြန် လာပါတယ်။ 
Read More

စစ်ရှုံးကောင်စီ လူထုကို အကြောက်တရားပေးရန် သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာ၊ “လူသတ်တာတွေလုပ်ပြတာကို ပြည်သူတွေက မကြောက်ဘဲ တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေတာကို သူတို့ကမလိုချင်ဘူး။ သူတို့ကို ကြောက်စေချင်တာ”

စစ်သည်အင်အား တဖြည်းဖြည်း ပိုမိုလျော့နည်းလာကာ တိုင်းပြည်နေရာအနှံ့မှာလည်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အာဏာရှင်ပီပီ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းပြီး အုပ်ချုပ်နိုင်ဖို့ ပိုမိုကြိုးစားလာနေပါတယ်။
Read More

ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ပကဖ ဆောင်ရွက်နေ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေး နဲ့ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရွာငံ-အောင်ပန်း လမ်းပိုင်းမှာ စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးကို အသေပစ်ခတ်ဖမ်းမိ၊ ပစ္စတို ၁ လက်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမှာ ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) က စစ်ဆေးရေးလုပ်ဆောင်နေချိန် စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ပစ္စတို ၁ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ပါတယ်။