စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မုံရွာ နမခ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ချောင်းဦးမြို့နယ် နတ်ရေကန်အနီးမှာ တစ်ညအိပ် စခန်းချပြီးတဲ့နောက် နိုဝင်ဘာ ၂၀ ရက်ညမှာ မြင်းမူဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းနဲ့ ပေါင်းစည်းသွားခဲ့ပါတယ်။ အဲဒီနောက် အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲကာ နတ်ရေကန်အနီးရှိ သန်းပင်ကန်ရွာ အနီးတဝိုက်ကို စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ သန်းပင်ကန်ရွာက အမျိုးသားတစ်ယောက်ကို သတ်ကာ နတ်ရေကန်ဂိတ်ကို ပြန်ဝင်သွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် မနက်မှာ သန်းပင်ရွာထဲကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှင်းလင်းရေးလုပ်ချိန် ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

“ဘယ်လိုအသတ်ခံလိုက်ရလဲ ဆိုတာတော့ တိတိကျကျ မသိရသေးဘူးဗျ။ ဒီမနက်ပဲ နယ်မြေရှင်းလင်းရေးလုပ်မှ အလောင်းကိုတွေ့တာ။ အမျိုးသားပေါ့။ ဘယ်အချိန်မှာ သတ်သွားလဲဆိုတာတော့ မသိရဘူး။ ဓားဒဏ်ရာနဲ့ ဆုံးသွားတာ” လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေ နတ်ရေကန်ဂိတ်ကို ပြန်ဝင်သွားတဲ့ဆိုပေမယ့် အကုန်ဝင်ရောက်သွားတာမျိုး မဟုတ်တဲ့အတွက် သန်းပင်ကန်ရွာ အပါအဝင် အနီးနားကျေးရွာတွေက ဒေသခံတွေ ထွက်‌ပြေးတိမ်းရောင်နေရတယ်လို့ ဆိုပါတယ်။

“အဲ့နားမှာ စစ်ကြောင်းကရှိနေဆဲ။ အင်အားအကုန်ထွက်သွားခြင်း မရှိဘူး၊ လောလောဆယ် ကျေးရွာ ၅ ရွာ ဝန်းကျင် ရှောင်ရတယ် မရှောင်ရတဲ့ရွာတွေကလည်း စစ်ကြောင်းအခြေအနေကို သတိထားနေရတဲ့ အခြေအနေ၊ ထိတွေ့မှုတော့မရှိသေးဘူး။ စစ်ရေးအခြေအနေက တင်းမာနေတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်း နတ်ရေကန်ရွာနဲ့ ဘလွေရွာဘက်မှာရှိတဲ့ ရွာချင်းဆက်လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၂၁ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုရားသုံးဆူတွင် နယ်မြေရှင်းလင်းနေသည့် PDF များကို စစ်တပ်နှင့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်တပ်က ၂ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း စစ်ကြောင်း ၃ (Kanbauk Defense Force) က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြောက်ပိုင်းတွင် ဖဲဝိုင်းမှ ပြန်ခေါ်လာရသည့် မိန်းမဖြစ်သူကို ယောက်ျားဖြစ်သူ ရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချသတ်သေ၊ ရပ်ကျေးပအဖများ အကောက်ယူ ဖွင့်ထားသည့် ဖဲဝိုင်းဖြစ်သည်ဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရပ်ကျေးပအဖ တာဝန်ခံတွေ အကောက်ယူ ဖွင့်လှစ်ထားတဲ့ ဖဲဝိုင်းကနေ မိန်းမဖြစ်သူကို သွားရောက်ခေါ်ဆောင်ရာကနေ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက မိန်းမကိုရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ KNDF ရဲဘော် ၃ ယောက်ရဲ့ ဈာပန

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွေတဂူကျေးရွာအနီးက ရွေတဂူဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်သား ၃ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ KNDA တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်တွင် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် Grade 12 ကျောင်းသူ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောင်းတစ်ခုက Grade 12 ကျောင်းသူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution-IR  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။