မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် (၃) ပြည်ထောင်စုလမ်းပိုင်းမှာ နိုင်ငံရေးအကျဥ်းသားတွေ တင်ဆောင် မောင်းနှင်လာတဲ့ စစ်အုပ်စု ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ရဲ ၂ ယောက်သေဆုံးပြီး ပြောက်ကျားစစ်ဆင်ရေးတွေ ဦးဆောင်သူ ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်၊ မနက် ၇ နာရီအချိန်မှာ ချောက်မြို့မရဲစခန်းကနေ နိုင်ငံရေးအကျဥ်းသားတွေ တင်ဆောင်လာတဲ့ စစ်အုပ်စုကား ၂ စီးကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရဲအင်အား ၆ ယောက်နဲ့ နိုင်ငံရေးအကျဥ်းသား ၅ ယောက် တင်ဆောင်လာတဲ့ အံစာတုံးကား ၁ စီးနဲ့ ရဲ ၄ ယောက်ပါ မက်တူးကား ၁ စီး ရှေ့နောက်မောင်းနှင်လာချိန်မှာ တော်လှန်ရေးတပ်တွေက လုံခြုံရေးယူလိုက်ပါလာတဲ့ မက်တူးကားကို စတင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နောက်ထပ်ပွိုင့်တစ်ခုအရောက်မှာ နိုင်ငံရေးအကျဥ်းသားတွေပါတဲ့ အံစာတုံးကားကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

“နိုင်ကျဥ်းတွေပါတဲ့ကားကို ကျနော်တို့ စီးနင်းတိုက်ခိုက်တဲ့အချိန် လိုက်ပါလာတဲ့ ရဲဘော်က သူ့ကို ကယ်တာယူဆပြီး ခုန်ချလွတ်မြောက်လာတာပါ။ အဲ့အချိန်မှာ ရဲတွေက ပြန်ဆွဲတင်ဖို့လုပ်ပေမယ့် ကျနော်တို့ပစ်အားက ကောင်းနေတော့ သူတို့မသေအောင်ပဲ လုပ်ပြီး မောင်းပြေးသွားပါတယ်။ ကျနော်တို့လည်း ရဲဘော်ကိုသွားခေါ်ပြီး ဆုတ်ခဲ့လိုက်ပါတယ်” လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ရဲ ၂ ယောက် နေရာတင်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့လို ကား ၂ စီးလုံး မှန်တွေကွဲကာ ကျည်မှန်ရာအပြည့်ဖြစ်သွားတယ်လို့ သူကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်းနဲ့အတူ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Chauk Special Attack Force (မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ခွဲ-၅) ၊ Tiger Fighter Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဆိုသူဟာ Chauk Guerrilla Force (ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း) နဲ့ မြို့ပြစစ်ဆင်ရေးတွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ရဲဘော် နက်ရှိုင်း (ခ) မိုးညို ဖြစ်ပါတယ်။ 

လွတ်မြောက်လာတဲ့ ရဲဘော် နက်ရှိုင်း (ခ) မိုးညိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ချောက်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသန့်ဇင်ဦး ပစ်ခတ်ရှင်းလင်းခံရမှုအပြီး စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရကာ ထောင်ဒဏ် အများအပြား ချမှတ်ခံထားရသူ ဖြစ်တယ်လို့လည်းသိရပါတယ်။

ပုံစာ – Chauk Guerrilla Force တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

ဗန်းမော်သို့ စစ်ကူသွားသည့် စစ်ကောင်စီရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ၊ ၁ စီး ပျက်ကျပြီး ကျန် ၁စီး ထိမှန်ကာ အရေးပေါ် ဆင်းသက်ခဲ့ရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီးနောက် ၁ စီးလည်း ထိမှန်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

“ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ဂျပန်နိုင်ငံမှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာတွေမှာ တော်လှန်လူငယ်တွေက ရန်ကုန်မှာပြန်ဆုံမယ် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး ပျက်စီး 

တအာင်းတပ်မတော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၂၃ လုံး ပျက်စီးပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူများအပါအဝင် Federal Wings ဒရုန်းတပ်ဖွဲ့မှ တပ်သားသစ်များ ခေါ်ယူနေ၊ Research and Development လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်လိုသည့် တော်လှန်ရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်

နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

ကားများကို ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ အရာရှိအပါ ၅ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်၊ စစ်ကိုင်း-မုံရွာ -ရွှေဘိုလမ်းပေါ်မှာ အရပ်သားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါ အကြမ်းဖက်စစ်သား ၅ယောက်သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။