သိပ်မကြာခင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ပြန်ဝင်လာဖို့ရှိနေတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့ပေါ်ကနေ ပြည်သူတချို့ စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

မြို့ကို စွန့်ခွာနေသူ အများစုဟာ တခြားဒေသကနေ လာရောက် အလုပ်လုပ်ကိုင်ကြသူတွေဖြစ်ပြီး သူတို့တွေ တိမ်းရှောင်သွားတဲ့အတွက် မြို့ခံတွေလည်း အခြေအနေမဟန်ဘူးဆိုတဲ့ စိုးရိမ်စိတ်နဲ့အတူ ထွက်ခွာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ထွက်သွားကြတဲ့သူ တော်တော်များများကလည်း မြို့ခံတွေဆိုတာထက် မိုးကုတ်မြို့ကို အလုပ်လာလုပ်တဲ့သူတွေ၊ စီးပွားလာရှာကြတဲ့သူတွေ ဖြစ်တယ်။ စစ်ကိုင်းဘက်က လူတွေ၊ အောက်ပြည်အောက်ရွာကနေ အလုပ်လာလုပ်တဲ့သူတွေ များပါတယ်။ ဆိုတော့ သူတို့တွေက ထွက်သွားကြပြီ။ အခု မိုးကုတ်မြို့ခံတချို့ကလည်း အခြေအနေမဟန်ဘူးဆိုတဲ့ စိုးရိမ်စိတ်နဲ့ လိုက်ပြီး ထွက်သွားကြတာ” လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ်က မတရားအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မိုးကုတ် တစ်မြို့လုံးနီးပါးက ပြည်သူတွေ ဆန့်ကျင်ခဲ့ကြသလို တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို သိမ်းပိုက်ရရှိချိန်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ ဒီအပေါ်မှာလည်း မြို့ခံတွေက စိုးရိမ်စိတ်ရှိနေတယ်လို့ သိရပါတယ်။

“ပြောချင်တာက မိုးကုတ်ဆိုတာ အာဏာသိမ်းကတည်းက မြို့လုံးကျွတ်နီးပါး စကစကို မကြိုက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်တွေ မြို့သိမ်းတုန်းက ကြိုဆိုကြတာ မြင်ခဲ့လိမ့်မယ်။ အခုရှောင်တာကလည်း အဖြေက စစ်ဖြစ်မှာကြောက်လို့ ထွက်သွားကြတာ မဟုတ်ပါဘူး။ စစ်ကောင်စီက ပြန်ဝင်လာရင် အဲ့အငြိုးတွေနဲ့ ဖမ်းဆီးနှိပ်စက်မှာ မလိုလားလို့ ထွက်သွားကြတာပါ” လို့ အထက်ပါ မြို့ခံက ဆက်ပြောပါတယ်။

မိုးကုတ်မြို့ကို တအာင်းတပ် TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိမှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် TNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ် ရပ်စဲလိုက်ပြီး ဖြစ်ပါတယ်။

TNLA တပ်တွေ မိုးကုတ်မြို့ကနေ ဆုတ်ခွာသွားပြီဖြစ်ပေမယ့် MDY PDF အပါအဝင် အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်ဖွဲ့တွေက မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်သွားမယ်လို့ ကြေညာထားပြီး မြို့ထဲကို အကြမ်းဖက်စစ်တပ် ဘယ်ပုံဘယ်နည်းနဲ့ ပြန်ဝင်လာမယ်ဆိုတာ မသိရသေးပါဘူး။

(ဓာတ်ပုံ Mai A Shai)

0 Shares:
You May Also Like
Read More

သီပေါနဲ့ လားရှိုးကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကိုင်းတွင် စစ်သား ၂ ဦး မူးရူးသောက်စားပြီး အချင်းချင်းပစ်ခတ်ရာမှ ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ၊ ကျန်ရစ်ခဲ့သည့် လက်နက်များကို PDF သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မူးရူးရန်ဖြစ်ပြီးအချင်းချင်း ပစ်သတ်ကြတဲ့ စစ်ကောင်စီတပ်သားတွေဆီကနေ သေနတ် ၂ လက်နဲ့ ခဲယမ်းတစ်ချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Phoenix-Sagaing တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၅၄ ဦး အလင်းဝင်လာ၊ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိ

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ယောက်နဲ့ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
Read More

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။