တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့က အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ K.N.D.O တပ်ရင်း (၇) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထံက MA 1 သေနတ် ၄ လက်၊ MA 3 သေနတ် ၂လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ကြားသိရပေမယ့် KNU ဗဟိုက အသေးစိတ် တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရ  PLA ရဲဘော်တွေကို အညာဒေသခံတွေ ဂုဏ်ပြုကြိုဆို 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သိန်းခွန်ကျေးရွာတိုက်ပွဲမှ တစ်ပတ်အတွင်း စစ်သား ၉ ဦး သေနတ် ၅ လက်နှင့်အတူ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာတိုက်ပွဲကနေ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

သီပေါတွင် စစ်ကောင်စီ၏ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂) ဦး ခဲယမ်းအချို့နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia - Siyin က ထုတ်ပြန်ထားပါတယ်။