အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမှန်တကယ် လိုအပ်နေသူတွေအတွက် ငွေကျပ် (၂၁၃.၁၂) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြည်သူမှပြည်သူ အလှူငွေဖြစ်တဲ့ အဆိုပါ ငွေကျပ် (၂၁၃.၁၂) သန်းထဲက (၁၅၇.၄၂) သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/ စစ်ဘေးရှောင်ပြည်သူပေါင်း ၈၄,၉၄၉ ယောက်ရဲ့ အရေးပေါ် စားနပ်ရိက္ခာအတွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ ၁၇၅ ‌ယောက်နဲ့ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၂၉၄ ယောက်အတွက် (၃၇.၇၇) သန်း၊ နိုင်ငံရေးအကျဥ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် (၇.၆၅) သန်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အလားတူ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် (၁.၅၈) သန်း၊ CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေအတွက် (၆.၆၅) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် (၂.၀၈) သန်း အသုံးပြုခဲ့တယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်း ပံ့ပိုးနိုင်ခဲ့မှုအခြေအနေတွေကို တင်ပြရင်း အကြပ်အတည်းတွေကြားကနေ တော်လှန်ရေးမှာ ကြံ့ကြံ့ခံ ပါဝင်နေတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းအတွက် လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်းပကဖ ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄၊ အပတ်စဥ်(၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားအမှတ်တရအဖြစ် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲတွေကနေ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောတွင် WY စိတ်ကြွမူးယစ်ဆေးပြားများအပါအဝင် ဆက်စပ်ပစ္စည်းအချို့နှင့်အတူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးရမိ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရခိုင်ပြည်နယ်ကနေ အိမ်ငှားလာရောက်နေထိုင်တဲ့ အမျိုးသား ၄ ယောက်နဲ့ မြို့ခံ အမျိုးသမီး ၁ ယောက်ကို WY (ခေါ်) ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြား အပါအဝင် ဆက်စပ်ပစ္စည်းတချို့နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

ဗုံးကြဲခံရလို့ ပိတ်မိနေတဲ့ နောင်ပိန်ရွာထဲ စစ်အုပ်စု သတ်ဖြတ်မှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။