မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 

စစ်ရေး၊ နိုင်ငံရေး ကြိုတင်ခန့်မှန်းနိုင်မှုတွေမှာ PreCDM (ဖရဲသီး) တွေက အရေးပါတာကြောင့်  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ PreCDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့ ပြည်သူ့ရင်ခွင်က ဆိုထားပါတယ်။ 

PreCDM တွေထံက စစ်တပ်ရဲ့ လှုပ်ရှားနေမှုတွေ၊ စစ်ရေး၊ နိုင်ငံရေးအရွေ့တွေ၊ တပ်/ဌာနတွေဆီ ပေးနေတဲ့ အမိန့်ညွှန်ကြားချက် ဝန်ထမ်းယန္တရားမောင်းနှင်နေပုံတွေကို သိရတာမျိုးတွေ ရှိနေတယ်လို့ ပြည်သူ့ရင်ခွင် တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

“အထင်ရှားဆုံးကတော့ လေတပ်က တိုက်လေယာဉ်အတက်အဆင်းတွေ သိရတာမျိုးပေါ့” လို့ ဆိုပါတယ်။ 

ဒါ့အပြင် PreCDM တယောက်အနေနဲ့ ပြည်တွင်းမှာ လုံခြုရေးပြဿနာ တခုခုပေါက်လာရင်လည်း ပြည်သူ့ရင်ခွင်အနေနဲ့ ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားတာတွေ ရှိတယ်လို့ သိရပါတယ်။ 

“ဖရဲသီးတွေက ရန်သူ့အသိုင်းအဝိုင်းကနေ တော်လှန်ရေးအတွက် သတင်းပေးနေရတာ အင်မတန် ဖိအားများပြီး အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် သူတို့အန္တရာယ်ရှိလာနိုင်ပြီဆိုရင် ကျနော်တို့ အခြေအနေပေါ်မူတည်ပြီး ရသမျှ အားစိုက်ထုတ် ကယ်ဆယ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် ကျနော်တို့ဖရဲသီးက ရှေ့တန်းလိုက်ရတယ်ဆိုပါစို့… သူ့ကို ရှေ့တန်းနယ်မြေကနေ ခေါ်ထုတ်တာမျိုး နောက်ဆုံး တိုက်ပွဲဖြစ်လို့ စစ်သုံ့ပန်းအနေနဲ့ အဖမ်းခံခိုင်းလိုက်ပြီးမှ ခေါ်ထုတ်စောင့်ရှောက်လိုက်တာမျိုးပေါ့။ သူတို့ကို PreCDM code တွေလည်းပေးထားတော့ ဖရဲသီးရဲဘော်တွေကို ခုချိန်ထိ အဖိတ်အစင်မရှိ ကယ်ဆယ်ကူညီထားနိုင်ပါတယ်။ ရှေ့မှာလည်း ကယ်ထုတ်ပေးထားတဲ့ ဖြစ်စဉ်တွေရှိထားပြီးသားပါ။ ဒါတွေက ဘယ်သူဘယ်ဝါရယ်လို့ ထုတ်ပြလို့မရတဲ့အတွက် အများက မသိတာမျိုးပါ” လို့ ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အမာခံ သတင်းပေးပို့သူ (ဖရဲသီး) လုပ်လိုသူတွေအနေနဲ့ ဌာနကို ချိတ်ဆက်ပြီး သတင်းအချက်တွေကို လုံခြုံစွာ ပေးပို့နိုင်မယ့်အပြင် သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး ချီးမြှင့်ငွေတွေကိုလည်း ရရှိခံစားနိုင်မယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် ဖရဲသီးတွေအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကာအကွယ်ပေးမှု အာမခံချက်တွေကို တော်လှန်ရေးကာလအတွင်းမှာသော်လည်းကောင်း၊ အလွန်ကာလမှာသော်လည်းကောင်း ပြည့်ဝစွာ ခံစားရမှာဖြစ်ပြီး စစ်တပ်ရဲ့ ရဲတပ်ဖွဲ့တို့က သတင်းပေးပို့သူတွေဟာ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်တွေရဲ့ အကျိုးခံစားခွင့်တွေကိုလည်း ရရှိမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။  

“အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်သူ တပ်/ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ PreCDM လုပ်ပြီး တော်လှန်ရေးပြီးဆုံးချိန် ပြည်သူလူထုအသိအမှတ်ပြုတဲ့ အစိုးရတစ်ရပ် ပြန်အုပ်ချုပ်ချိန်မှာ သိကြပါလိမ့်မယ်။ ဒါကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေငြာချက်အမှတ် (၉/၂၀၂၂)ကို ဖတ်ကြည့်ရင်သိနိုင်ပါတယ်။ ဒီထဲမှာ ဖရဲသီးတွေရမယ့် အခွင့်အရေးတွေ တိတိကျကျပြဌာန်းထားပါတယ်ဗျ” လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ယောကာကွယ်ရေးတပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စိုးမိုးနယ်မြေအတွင်း ချောင်းကူးလမ်းလွှဲတံတား ဆောက်လုပ်ပေးခဲ့

ယောဒေသ မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ရွာခန့်က ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးလုနီးပါး ဖြစ်နေပြီး ယာဥ်တွေ ဖြတ်သန်းမောင်းနှင်ရာမှာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် အခွန်ဂိတ်တွေက ရရှိတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသဖွံဖြိုးရေးအတွက် အချိုးကျ အသုံးပြုကာ လမ်းလွှဲတံတား တည်ဆောက်ခဲ့တယ်လို့ ယောဒေသ အခြေစိုက် ယောကာကွယ်ရေးတပ် - YDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ ကူညီ

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူသားစာနာ တာဝန်ခံက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
Read More

လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ KNDF အသိပေးထုတ်ပြန်

ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ သြဂုတ်လ(၁၀)ရက်‌နေ့ကစပြီး အသုံးပြုသွားခြင်းများ မပြုလုပ်ကြဖို့ ပြည်သူများကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ၊ စစ်ကောင်စီ စစ်ကြောင်းမှူး သေဆုံးကာ အထိနာ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြောင်းလေကြောင်းထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်နှင့် တိုက်နယ် (ပ.က.ဖ) ဦးဆောင်ပြီး လေကြောင်းဒဏ်သင့် ပြည်သူများကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတွေက ​ပြည်သူတွေကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့ကူညီ​ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။