စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ စစ်မှုထမ်းတပ်သား ၄ ယောက် လက်နက်နဲ့ ထွက်ပြေးအလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း မကွေးတိုင်း ပကဖရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တပ်မ (၇၇) လက်အောက်ခံ၊ အင်းတကော်မြို့အခြေစိုက် ခမရ (၁၀၇) တပ်ရင်းက စစ်မှုထမ်းတပ်သား ၄ ယောက်ဟာ မုံရွာမြို့နယ်ဘက် စစ်ကြောင်းရောက်ရှိချိန် မကွေးတိုင်း ပကဖရွေ့လျားစစ်ကြောင်း Yenanthar Column နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းဇာတိတွေဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဥ် (၇) အတွက် ပေါ်တာဆွဲဖမ်းဆီးတာကိုခံခဲ့ရပြီးတဲ့နောက် စစ်မှုထမ်းတပ်သား ဖြစ်လာကြသလို စစ်မှုထမ်းသက်တမ်း ၁ နှစ်ကြာပြီးတဲ့နောက်မှာတော့ အခုလို အလင်းဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“သူတို့စစ်ကြောင်းက မုံရွာဘက်ရောက်နေချိန်  ကျနော်တို့ကို ချိတ်ဆက်ဝင်လာတာပါ။ ၄ယောက်လုံး (ပစ) တွေချည်းပဲ။ သူတို့စစ်ကြောင်းနား နီးတဲ့အထိ နယ်မြေခံတပ်တွေနဲ့ ပေါင်းပြီး သွားခေါ်ထုတ်ခဲ့ရတာပါ။”လို့ မကွေးတိုင်း ပကဖရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA1သေနတ် ၁လက်၊ MA3 သေနတ် ၁ လက်နဲ့ 5.56ကျည် ၁၇၈ တောင့် ပါဝင်လာခဲ့ပြီး သူတို့ကို ဆုကြေးငွေ ပေးအပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အလင်းဝင်ရောက်လာသူတွေဟာ မကွေးတိုင်းပကဖရွေ့လျားစစ်ကြောင်း Yenanthar Column နဲ့ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်း မကွေးတိုင်းပကဖရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကြောင်းတစ်ကြောင်းထွက်ပြီဆို သူတို့လို (ပစ) စစ်မှုထမ်းတွေကိုပဲ ရှေ့ကထွက်ခိုင်းတယ်။ ဂိတ်ချတာတို့ အန္တရယ်များတာတို့ဆို သူတို့ပဲလုပ်ခိုင်းတယ်။ တပ်ထဲမှာ သူတို့ကို သန္ဓေစစ်သားရော တဝမ်းပူခေါ်တဲ့စစ်သားတွေက ခွဲခြားဆက်ဆံထားတယ်ပေါ့။ အဲ့လိုပြောပါတယ်” လို့ Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခု နိုဝင်ဘာလ ဒုတိယပတ်အတွင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်ထံကနေ အလင်းဝင်ရောက်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး အယာက် ၃၀ အထိရှိကြောင်း ပြည်သူ့ပန်းတိုင်က ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတွင် ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကန်တလူရွာအနီး ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ Generation Z Power က သတင်းထုတ်ပြန်ပါတယ်။ 
Read More

အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၄ဦး CDF-Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) မှဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

တောင်ကိုရီးယားတွင် မြန်မာပြည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲနဲ့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။ 
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။