ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေ၊ မိုင်းတွေနဲ့ သွားရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက် မနေ့ညပိုင်းက စစ်ရေးမစ်ရှင်ကိစ္စတစ်ခုနဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အပြင် သွားရောက်ရင်း အတုအယောင်ရွေးကောက်ပွဲကို ကူညီလုပ်ဆောင်ပေးနေတဲ့ အဲ့ဒီရပ်ကွက်ရုံးကိုပါ တလက်စတည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“အမှန်က အခြားမစ်ရှင်တစ်ခုနဲ့ သွားတာ၊ အဲ့ဒါ မစ်ရှင်က အဆင်မပြေလို့ ရုံးကိုပဲ တိုက်ခိုက်ခဲ့တာပါ။ အသီးနဲ့လည်းပစ်သလို မိုင်းပါခွဲခဲ့လိုက်တယ်” လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရပ်ကွက်ရုံးအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေရောက်ရှိနေချိန် လက်ပစ်ဗုံး ၁လုံးပစ်ခတ်ရင်း ပြင်းအားမြင့် မိုင်း ၂ လုံးနဲ့ ဖောက်ခွဲခဲ့တာကြောင့် စစ်အုပ်စုဘက် ထိခိုက်မှုတွေရှိနိုင်တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင်ပကဖနဲ့ Yangon Army(YA) တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုမတိုင်ခင်တစ်ရက်ကလည်း လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းရပ်ကွက်ရုံးကို အဆိုပါနှစ်ဖွဲ့ကပဲ အလားတူ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Yangon Army (YA) အပါအဝင် ပြောက်ကျားတပ်ဖွဲ့တွေဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ ပါဝင်ပက်သက်တဲ့သူတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့ အတိအလင်းပြောဆိုထားကြပါတယ်။

ဒီအတွက် မကြာခဏဆိုသလို ရပ်ကွက်ရုံးတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ လက်ရှိ အတုအယောင် ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီရုံးတွေပါ တိုက်ခိုက်ခံလာရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၅ ဦး တစ်လနီးပါး တိုက်ပိတ်ခံထားရ

မကွေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်ကို ရိုက်နှက်ပြီး  တစ်လ နီးပါးကြာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကရင်ပြည်နယ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ တော်နော်ရေတံခွန်အနီးမှာ နိုဝင်ဘာလ ၄ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၀၀ ကျော်ကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့

အကြမ်းဖက်စစ်အုပ်စုက အာဏာတည်မြဲရေး သက်တမ်းတိုးလေလေ ပြည်သူလူထုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်လေလေ ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူစုလူ​ဝေးမလုပ်ဖို့ မင်းတပ် ပအဖ သတိ​ပေး

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းပြည််နယ်၊ မင်းတပ်မြို့မှာ​ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

နှစ်ကူးလွတ်ငြိမ်းခွင့်မှာ ကနဦးအတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်

မြန်မာနှစ်ကူးဖြစ်တဲ့ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက် ပါဝင်လာကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က‌ ကနဦး အတည်ပြု ထုတ်ပြန်လာပါတယ်။