အခုလ နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံကနေ အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းအရ သိရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ခံ စစ်သား၊ ရဲနဲ ပျူစောထီးတွေ အလင်းဝင်လာတဲ့ အရေအတွက် အယောက် ၃၀ ရှိပြီး ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း ၇၉ ယောက်၊ စုစုပေါင်း ၁၀၉ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အလင်းဝင်သူ အယောက် ၃၀ ထဲမှာ စစ်သား ၂၉ ယောက်၊ ရဲ ၁ယောက် ပါဝင်ပြီး အဆိုပါ စစ်သားအရေအတွက်ထဲမှာမှ ၄ ယောက်က စစ်မှုထမ်းတပ်သားဖြစ်ကာ ကျန်တာက သန္ဓေတပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုအပတ် အလင်းဝင်လာသူတွေထဲမှာ ထူးခြားချက်အနေနဲ့ သန္ဓေတပ်သား အများအပြား ပါဝင်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း ၇၉ ယောက်ထဲမှာလည်း စစ်မှုထမ်းတပ်သား ၄ယောက်ပါဝင်ကာ တနင်္သာရီတိုင်းမှာ အများဆုံးအဖြစ် ၄၂ ယောက် ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်ကနေ ကောက်ယူထားတဲ့ စာရင်းအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု နိုဝင်ဘာ ဒုတိယပတ်အထိ စစ်ကော်မရှင်တပ်ဖွဲ့ကနေ အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံပန်း စုစုပေါင်း ၂၃၈၆ ယောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက် လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထားဝယ်ခရိုင် မြို့နယ် ၄ ခုရှိ ကျေးရွာများကို စစ်အုပ်စု အကြောင်းမဲ့ ဆက်တိုက်ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ်များအပါ ၅ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ်တွေအပါ ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ရှိခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ထုတ်ပြန်ပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီနယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု နှင့် ကာကွယ်ရေးတပ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်အုပ်စုက ၂ ဦး သေဆုံး

တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်လာတဲ့စစ်အုပ်စု နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ People's Defence Force - မြိတ်ခရိုင်တပ်ရင်း (၂) ဆီက သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။