စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ 

မနေ့က နိုဝင်ဘာလ ၁၉ ရက်မှာ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ခင်ဦး-ကန့်ဘလူ- ရေဦး အစပ်ကတဆင့် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာပြီး ခင်ဦးနယ် အနောက်မြောက်ခြမ်း မုံလှစံပြကျေးရွာကို စစ်ကြောင်းရောက်ရှိလာတာကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေကိုလည်း ရေဦးမြို့ကနေ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှု လုပ်ခဲ့တာကြောင့် ရေဦး မူးမြစ်အရှေ့ဘက် အင်းပတ်ကျေးရွာအတွင်း လက်နက်ကြီး  ၂ လုံး ကျရောက်ပေါက်ကွဲကာ ဒေသခံအမျိုးသား ၃ ယောက် ခေါင်း၊ ခြေသလုံး၊ လက်မောင်းတို့ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ 

ခင်ဦး၊ မုံလှကျေးရွာကို ရောက်ရှိနေတဲ့ အင်အား (၃၀၀) ဝန်းကျင် စစ်ကြောင်းကလည်း ဘေးပတ်ဝန်းကျင် စစ်ရှောင်တွေရှိရာကို လက်နက်ကြီးတွေ ပစ်ခတ်နေပြီး ဒေသခံတွေ စစ်ရှောင်နေရတာ ၁၀ ရက်ကျော် ကြာမြင့်လာပြီလို့ သိရပါတယ်။ 

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့  ကျေးရွာတွေကတော့ ခင်ဦးနယ်ထဲမှာ ကျောက်တိုင်၊ ကျီစု၊ ပင်စိမ်းကင်း၊  ငါးရုံကြီး ၊ရှားတော၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ သရက်ကုန်း၊ ကျွန်းတောကြီး၊ ကျွန်းတောလေး (ဥယျာဉ်) တို့ဖြစ်ပြီး ကန့်ဘလူနယ်ထဲမှာတော့ ဝက်တိုး၊ အိုင်ပေါင်းချောင်၊ ယင်းတိုက် စတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ရှောင်တွေဟာ ရက်ရှည်ကြာလာတာနဲ့အမျှ နေစရာ၊ စားစရာ အခက်အခဲတွေ များလာတဲ့အပြင် ဆောင်းရာသီအကူးမှာ ကျန်းမာရေး မကောင်းမွန်သူတွေလည်း များလာတယ်လို့ သိရပါတယ်။ 

စစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်သည်တွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ နာမကျန်းမှု ရှိနေပြီး ဆေးဝါးနဲ့ ကျန်းမာရေး အစောင့်အရှောက် အကူအညီတွေ လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အနန်းကွင်း ဗျူဟာစခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ပါ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ၃၀ ကျော်သေပြီး လက်နက်ခဲယမ်းများပါရရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သတိပြု

ဂန့်ဂေါ - ကလေး လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အထူးသတိရှိဖို့ ဂန့်ဂေါမြို့နယ် ပကဖ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ က ၄ ကြိမ်မြောက် ညီလာခံကျင်းပ

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေကြီးမြေပြိုမှုကြောင့် သေဆုံးရသူတွေကို တစ်ဦးလျှင် ၁၀သိန်းအထိ ထောက်ပံ့နိုင်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်၊ မြေပြင်မှာ လူမှုကူညီရေးအဖွဲ့တွေရဲ့ လှူဒါန်းမှုတွေက အများဆုံးဖြစ်နေ

တစ်နိုင်ငံလုံးမှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးပျောက်ဆုံးရသူ စုစုပေါင်း ၅၂၀ ကျော်သွားပြီဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။