အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမှန်တကယ် လိုအပ်နေသူတွေအတွက် ငွေကျပ် (၂၁၃.၁၂) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြည်သူမှပြည်သူ အလှူငွေဖြစ်တဲ့ အဆိုပါ ငွေကျပ် (၂၁၃.၁၂) သန်းထဲက (၁၅၇.၄၂) သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/ စစ်ဘေးရှောင်ပြည်သူပေါင်း ၈၄,၉၄၉ ယောက်ရဲ့ အရေးပေါ် စားနပ်ရိက္ခာအတွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ ၁၇၅ ‌ယောက်နဲ့ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၂၉၄ ယောက်အတွက် (၃၇.၇၇) သန်း၊ နိုင်ငံရေးအကျဥ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် (၇.၆၅) သန်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အလားတူ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် (၁.၅၈) သန်း၊ CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေအတွက် (၆.၆၅) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် (၂.၀၈) သန်း အသုံးပြုခဲ့တယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်း ပံ့ပိုးနိုင်ခဲ့မှုအခြေအနေတွေကို တင်ပြရင်း အကြပ်အတည်းတွေကြားကနေ တော်လှန်ရေးမှာ ကြံ့ကြံ့ခံ ပါဝင်နေတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းအတွက် လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ ဘုံသဘောတူညီချက် ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

ချင်းပြည်နယ် မြို့တော် ဟားခါးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force - SRF က ထုတ်ပြန်ထားပါတယ်။
Read More

လူငယ် ၃ ယောက်ကို ဝှက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသည့် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ ကွယ်လွန်

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ဒေါ်စန်းရီ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။