မကွေးတိုင်း၊ မြိုင် စက်မှု (၂) နားက တောတိုက်တွေထဲကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အညာမြေပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက် ၈ နာရီ ၄၅ မိနစ်အချိန်မှာ မြိုင်စက်မှု (၂) ကနေ ထွက်လာတဲ့ စစ်သား ၂ ယောက်နဲ့ တော်လှန်ရေးရဲဘော်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ယောက်သေကာ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“အပြန်အလှန် ထိတွေ့မှု ဖြစ်တယ်။ သူတို့အရင် စပစ်တာ။ သူတို့က နယ်မြေကို စမ်းတာလား ဘာလားတော့ မသိဘူး။ ၂ ယောက်တည်းလာတာ.. တစ်ယောက်ကတော့ ပေါင်မှာ ထိသွားတယ်။ ဆေးကုသပေးထားတယ်။ သူတို့က ရိက္ခာဖြတ်ထားတော့ အနီးနားက တောတိုက်မှာ လိုက်ပြီးတော့ ယူနေတာ” လို့ အညာမြေ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Good Brothers တပ်ဖွဲ့နဲ့ အညာမြေပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်သားတွေထံက MA 1 အမျိုးအသား သေနတ် ၁ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည် ၄၇၃ တောင့်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က မြိုင် စက်မှု (၂) ကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကလည်း လက်ရှိမှာ ပေါက်မြို့နယ် မြောက်ပိုင်းကို ဝင်ရောက်သွားကာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်မယ်လို့ CRPH ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြု 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် စစ်အုပ်စုများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တို့မှာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒူရကစစ်ကြောင်းက‌ သတင်းထုတ်ပြန်ပါတယ်။
Read More

ကန်ဘလူတွင် ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၂ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး လူ ၈၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Read More

ဆင်မရဲပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ပြီးတဲ့နောက် စစ်အုပ်စုတွေ မြင်းခြံဘက် ထွက်ပြေး၊ တပ်ကြပ်အဆင့်ရှိသူ ၁ ယောက်နဲ့ ပျူစောထီး ၃ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆင်မရဲရွာက အကြမ်းဖက်စစ်အုပ်စုတွေ ထိခိုက်သေဆုံးပြီး စခန့်စွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲထဲ တပ်ကြပ်အဆင့်ရှိသူ ၁ယောက်နဲ့ပျူစောထီး ၃ယောက်သေဆုံးခဲ့ကြောင်းနဲ့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO ရဲဘော်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။