ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ ဖော့ကြိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ် အလုပ်သမားတစ်ယောက် ကြိတ်စက်ထဲ မတော်တဆ ပါသွားကာ ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနေ့ည ၁၀ နာရီဝန်းကျင်မှာ အသက် ၂၄ နှစ်အရွယ် မြန်မာလုပ်သား ကိုသက်ဇော်ဆိုသူဟာ ကြိတ်စက်မှာ ဖော့တွေကြိတ်ရင်း မတော်တဆ လူတစ်ကိုယ်လုံး စက်ထဲပါသွားခဲ့ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ ဖော့တွေနဲ့အတူ ပြန်ထွက်လာခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကိုသက်ဇော်ဟာ အဆိုပါ စက်ရုံမှာ အလုပ်ဝင်တာ ၅လခန့်သာ ရှိသေးတာဖြစ်ပြီး ဖြစ်စဥ်ဖြစ်ပွားပြီးတဲ့နောက် စက်ရုံမန်နေဂျာရဲ့ အကြောင်းကြားမှုကြောင့် ကယ်ဆယ်ရေးနဲ့ ရဲအဖွဲ့တွေ သွားရောက်ကာ စက်ထဲက ရုပ်အလောင်းကို ထုတ်ယူဖို့ ကြိုးပမ်းပေမယ့် အပူချိန်လွန်ကဲနေတဲ့အတွက် နောက်တစ်နေ့ မနက်ကျမှသာ ဖော့အပိုင်းအစတွေနဲ့ ရောနှောနေတဲ့ အစိတ်အပိုင်းတချို့ကို ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူမှုတွေ လုပ်နိုင်ဖို့အတွက် စက်ရုံမှာရှိတဲ့ CCTV မှတ်တမ်းတွေနဲ့ တခြား လုပ်သားတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

‘ဝ’ ပြည်နယ်မှာ သတ္တုတူးဖော်ရေး ပါမစ်ထုတ်ပေးရန် ဆွေးနွေး

ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
Read More

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် အိန္ဒိယကုမ္ပဏီထံမှ ရင်းနှီးမြှုပ်နှံငွေများအား ဆွီဒင်ပင်စင် ရန်ပုံငွေအဖွဲ့ ပြန်လည်ထုတ်ယူမှုအပေါ် JFM ကြိုဆို

စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ရွေးကောက်ပွဲ နိုင်ငံရေးဟန်ပြသာဖြစ်၍ အာဆီယံဥက္ကဋ္ဌ လက်မခံ

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုလည်း နိုင်ငံရေးဟန်ပြတစ်ခုအဖြစ် ပယ်ချခဲ့တယ်လို့ ထိုင်းသတင်း Thai Enquirer က မေလ ၂၆ ရက်မှာ ဖော်ပြပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အသတ်ခံရသည့် ဘီလာရုစ်မော်ဒယ် ထိုင်းကနေ အတင်းခေါ်သွားခံရခြင်းမဟုတ်၊ ထိုင်းရဲ့ လုပ်ပိုင်ခွင့်မဟုတ် ဟု ထိုင်းအာဏာပိုင် ပြောဆို

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။