မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။

အဆိုပါ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြန့်ကျေးရွာက အပြစ်မဲ့ပြည်သူ ၂ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ယောက် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

MDY PDF လှုပ်ရှားစိုးမိုးရာ နယ်မြေတွေဖြစ်တဲ့ သပိတ်ကျင်း၊ မတ္တရာနဲ့ စဥ့်ကူးမြို့နယ်တွေဟာ အကြမ်းဖက်စစ်ကော်မရှင် အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့ မြို့နယ်တွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

အဆိုပါ မြို့နယ်တွေမှာ တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာကြောင့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်တဲ့ အစီအမံတွေ ကြိုတင်လုပ်ဆောင်ထားကြဖို့ MDY PDF တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် မီးလောင်၊ ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွားတယ်လို့ ဖားကန့်နယ်ခံဆီက သိရပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့ပြီဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကိုးကန့်အမျိုးသားတို့၏ အိမ်ပြန်ခရီးအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း MDY-PDF သဝဏ်လွှာပေးပို့

ကိုးကန့်အမျိုးသားတို့ရဲ့ ပြီးမြောက်ခဲ့ပြီဖြစ်တဲ့ “အိမ်ပြန်ခရီး” အတွက် အထူးဝမ်းမြောက်ဂုဏ်ယူတယ်လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ (၃၆)နှစ်မြောက် “တပ်မတော်နေ့” အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) က သဝဏ်လွှာပေးပို့လိုက်ပါတယ်။