မန္တ‌လေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွှာကျေးရွာကြားရှိ အကြမ်းဖက်စစ်တပ်ဂိတ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Myaung Drone Force M.D.F မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွှာကျေးရွာ ကြားရှိ အင်အား ၁၅ ဦးခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးစတင်ကြဲချပြီး မြေပြင်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ဂိတ်စခန်းရှိ ပျူစောထီး၊ ရဲနဲ့ စစ်သား ၅ ဦးခန့်သေဆုံးပြီး အထိနာကာ စခန်းစွန့် ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် မြင်းခြံမြို့ မှ အကြမ်းဖက်စစ်သားတွေ တပ်ကူရောက်ရှိလာတဲ့အတွက် ရဲဘော်တွေ တပ်ပြန်လည်ဆုတ်ခွာခဲ့ကြ တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို “ထနောင်းမြေစစ်ကြောင်း”နှင့်အတူJUSTICE WARRIORSတပ်ဖွဲ့ မဟာမိတ် Droneတပ်ဖွဲ့များဖစ်ကြသော M.D.F Myaung Drone ကျားခင်စိန် တပ်ဖွဲ့ Revolutionary Air Forceဒေါင်းမင်းကြီး တပ်ဖွဲ့ မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း လက်ရုံးတပ် 925‌ ပြောက်ကျားတပ်ဖွဲ့ (ငါးဇွန်) Peacock Drone Team အားမာန့်သစ်ပြောက်ကျား တပ်ဖွဲ့က ပူးပေါင်းလုပ် ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video- Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် ဝရမ်းပြေးတစ်ယောက် ရှိနေသည် (ရုပ်/သံ)

ကမ္ဘာ့အဆင့် ဝရမ်းပြေးတစ်ယောက် နိုင်ငံထဲတွင် ရောက်ရှိနေကြောင်း အစချီပြီး ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့ရဲ့ လူစည်းကားရာ နေရာတစ်ခုမှာ စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒူဘိုင်းလေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး (ရုပ်/သံ)

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ လေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အိန္ဒိယနိုင်ငံထုတ် တီဂျက်စ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ တိုက်လေယာဉ်မှူးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေ တပ်က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေယာဉ်အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်ကျခဲ့ဖူးတဲ့အတွက် ယခုတစ်ကြိမ် ပျက်ကျမှုဟာ ၂ နှစ်ဆက်တိုက်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာအား မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း မီးရရှိအောင် ဆောင်ရွက်ပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာ ၁ ရွာကို လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်းက ကြိုးစားလုပ်ဆောင်ခဲ့ပြီး ၆၀ ရာခိုင်နှုန်း မီးပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရဲစခန်းအတွင်း မူးယစ်သောက်စားပြီး PDF တွေကို စိန်ခေါ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Salingyi) ထံက သိရပါတယ်။
Read More

နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။