အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲပေးဖို့ ပြည်သူတွေအပေါ် ခြိမ်းခြောက်သူတွေကို အရေးယူမှုတွေ လုပ်ဆောင်နေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

စလင်းမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ယောက်ကို ပြည်သူတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးနိုင်ခဲ့ပြီး အရေးယူမှုတွေ လုပ်ဆောင်နေသလို ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေဖြစ်တဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အမည်ခံ အကြမ်းဖက်အဖွဲ့ အဖွဲ့ဝင် ဦးသက်ဝေကို ပြည်သူတွေရဲ့ သတင်းပေးပို့မှုအရ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူအပြစ်ပေးနိုင်ဖို့ စလင်းမြို့နယ် တရားရေးအဖွဲ့အစည်းက တရားရေးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်မံဖမ်းဆီးရမိမှုတွေ ရှိလာခဲ့မယ် ဆိုရင်လည်း အခုလိုပဲ ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။” လို့ ဦးနေဘုန်းလတ်က ဒီနေ့မှာ ပြုလုပ်တဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်းအစီအစဥ်မှာ ပြောခဲ့တာပါ။

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကလည်း အတုအယောင် ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့၊ ကြိုတင်မဲပေးဖို့ တနည်းနည်းနဲ့ ခြိမ်းခြောက်မှုတွေ ရှိလာခဲ့ရင် တိုင်ကြားနိုင်ကြောင်း၊ ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်း နိုဝင်ဘာ ၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲကို အကြောင်းပြပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေကို ‌နှောင့်ယှက် ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတဲ့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စု စနစ်တကျ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သေချာစွာ စောင့်ကြည့်လေ့လာ အရေးယူခြင်း၊ တရားလက်လွတ်ဖမ်းဆီးမှုတွေကို ပြင်းထန်စွာ ရှုတ်ချပြီး ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုကို ဖိအားပေးခြင်း၊ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အသံတိတ်နေရတဲ့ မြန်မာပြည်သူတွေကိုယ်စား ဖွင့်ဟပြောဆိုခြင်း၊ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ အဲဒီကနေ ထွက်ပေါ်လာတဲ့ ရုပ်သေးအစိုးရကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောဆိုခြင်းတွေ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်နယ်မြေများမှာ မေလတစ်လအတွင်း စစ်ကောင်စီတပ် စွန့်ပစ်မိုင်းများကြောင့် ပြည်သူ (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောင်နေစဉ် ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုကြောင့် တိုင်းပြည်က တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင် ပြော

ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ 
Read More

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မှုများကို CDF ထန်တလန် ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမှုထန်ရဲ့ CDF ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း ပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုအားလုံးကို တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား အပြီးတိုင် သိမ်းဆည်းလိုက်မယ်လို့ CDF ထန်တလန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီး

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ ချိကွဲ့ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ Bawlakhe PDF က ထုတ်ပြန်ထားပါတယ်။
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး စစ်မှုထမ်းခိုင်းခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း NUG ပြော

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ်တွေနဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက် အကြပ်ကိုင် စစ်မှုထမ်းခိုင်းတာဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ "အဓမ္မစစ်မှုထမ်းစေခြင်း - မြန်မာနိုင်ငံရှိ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။