ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာ စစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နိုင်ငံခြားသား ၃၄၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်က မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်တွေကို နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်း နိုင်ငံ ၆ခုပါ ကျားဖြန့်နှိမ်နင်းရေး ဖွဲ့စည်းမှုအပြီး အာဏာသိမ်းစစ်တပ်နဲ့ BGF တို့က အခုလို စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

BGF နိုင်မောင်ဇော်က ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်တွေကို အပြီးသတ်နှိမ်နင်းတော့မယ်လို့ ထိုင်းသတင်းဌာနတွေကို ဖြေကြားအပြီး စစ်တပ်၊ ရဲနဲ့ BGF တွေ ပူးပေါင်းကာ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ရမှာ သက်သေခံပစ္စည်းအဖြစ် ဖုန်း၊ ကွန်ပျူတာစပ်ဆက်ပစ္စည်းအများအပြားကို ဖမ်းမိခဲ့တယ်လို့ The Reporters ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါပေမယ့် ဖမ်းဆီးမှုအတွင်းမှာ ကျားဖြန့်လုပ်ငန်းထူထောင်ထားတဲ့ တရုတ်သူဌေးတွေ မပါဝင်ဘဲ ဖမ်းမိသူတွေဟာ ဝန်ထမ်းတွေသာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်တပ်သံပြားကာယာဉ် ၆ စီးကို ပဒေသာမိုင်း ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၆ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ် ၆ စီး ယာဉ်တန်းကို ပဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေးစပ်ဖန်တီးသူ တော်လှန်လူငယ် ၂ ယောက်ထဲက ၁ ယောက် ဖမ်းဆီးခံရပြီး အစအန ပျောက်နေတဲ့ “နွေမှာပျံသန်းသည့်ငှက်ငယ်”

မြို့ပြပြောက်ကျား လူငယ်နှစ်ယောက်ဟာ တော်လှန်ရေးကာလအတွင်း ပြေးရင်းလွှားရင်း “နွေမှာပျံသန်းသည့်ငှက်ငယ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးစပ်ဖန်တီးခဲ့ကြပါတယ်။
Read More

PDF ဂိတ်အား ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သားအများအပြားသေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ PDF ဂိတ်ကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးခဲ့တယ်လို့ အညာဒေသတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှ ၂၀၂၄ အတွင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှတ်တမ်းများကို ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ ၏ ၂၀၂၄ ခုနှစ် စစ်ရေးသတင်းအကျဉ်းချုပ်နဲ့ သိမ်းဆည်းရရှိမိတဲ့ စစ်ကောင်စီတပ်စခန်းတွေအပါအဝင် စစ်ဆင်ရေးမှတ်တမ်းတွေကို တောင်ပိုင်းစစ်ဒေသက ရုပ်သံနဲ့ တကွ အသိပေး ထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ ဒေသခံ ၅ ဦးထက်မနည်း သေဆုံးပြီး အယောက်၂၀ ခန့် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။