ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ အရပ်သားတွေကို အတုအယောင် ရွေးကောက်ပွဲစိတ်ဝင်စားဖို့ အတင်းအဓမ္မ စည်းရုံးနေတဲ့ ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးယူနေတဲ့ ပျူစောထီး ၂ယောက် သေဆုံးနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နိုဝင်ဘာလ ၁၈ရက်၊ မနေ့ညနေပိုင်းမှာ Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတပ်ဖွဲ့ဝင်တွေက ဇရပ်ကွင်းရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်း ၂လုံးနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ပြောက်ကျားတပ်ဖွဲ့ဝင်တွေအနေနဲ့ ရပ်ကွက်ရုံးအတွင်း ပျူစောထီးတွေ စုပြုံရောက်ရှိနေချိန်ကို အသင့်စောင့်ကြို တိုက်ခိုက်နိုင်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးနောက်လိုက် ပျူစောထီး ၂ယောက် မျက်မြင်ထိခိုက်ခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူကပြောပါတယ်။

“”ထိထိရောက်ရောက် တီးခဲ့တယ်..၂ကောင် လွင့်ထွက်သွားပြီး ကျန်တဲ့ကောင်တွေ ခွေးပြေးပြေးကြတယ်။ အဲ့ ၂ယောက် သေဖို့ရာခိုင်နူန်းများတယ်။ ဘာလို့ဆို မိုင်းခွဲတဲ့အချိန် လွင့်ထွက်သွားကြတာ မျက်မြင်ပါ။” လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

(ပုံဟောင်းကို အသုံးပြုထားပါတယ်)

Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ဟာ အတုအယောင် ရွေးကောက်ပွဲအတွက် ပါဝင်ပတ်သက် လုပ်ကိုင်နေသူတွေကို ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

“အဲ့ရုံးက အုပ်ကြီးနဲ့ နောက်လိုက်တွေက ပြည်သူကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖိအား အသည်းအသန်ပေးတယ်။ မဲဆွယ်ပွဲတိုင်း မတက်ရင် ခြိမ်းခြောက်တာတွေဘာတွေလုပ်တယ်။ စစ်မှုထမ်းကြေးလည်း လစဥ်မထည့်မနေရ ကောက်နေတာပါ။ နောက်ပြီး သူကိုယ်တိုင်ပဲ လူငယ်တွေကိုပြန်ပေးဆွဲပြီး တောင်းစားတဲ့ကိစ္စတွေလည်းလုပ်တယ်။ အုပ်ကြီး ၁၀ယောက်မှာ ၉ယောက်လောက်ရှိတဲ့ အကျင့်ပါ။” လို့ YA တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ရက်နေ့ကလည်း လှည်းကူးမြို့နယ်၊ ဒရယ်ဘိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အဆိုပါ အဖွဲ့ ၂ ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် ပကဖ ရဲဘော်များကို လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြဌာန်းထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ် အကျိုးစီးပွားနဲ့ လုံခြုံရေးကို ကာကွယ် ပေးနိုင်မှာမဟုတ်၊ တရုတ်အပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးကို NUG ကာကွယ်ပေးမယ်လို့ ကတိပေး…

အကြမ်းဖက်စစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ်အကျိုးစီးပွားနဲ့ လုံခြုံရေးကို အကာအကွယ် ပေးနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ ပြောဆိုလိုက်ပါတယ်။
Read More

ဆော့လော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ကို သွားရောက်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်က ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လူမဆန်စွာ ညှင်းပန်းနှိပ်စက် အသတ်ခံရမှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီပါရွာ ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။