မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးဂိတ်စခန်းမှ ပန်းတိုင်ခြုံဓိတ်စခန်းသို့ ကားတွေနဲ့ နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ Southern YSO PDF မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ပြည်သူပိုင်ယာဉ်များကို ချောဆွဲပြီး ကျောက်လှေခါးဂိတ်စခန်းမှ ပန်း တိုင်ခြုံဂိတ်စခန်းသို့ ကား ၅ စီးနဲ့ နေရာရွှေ့ပြောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ နောက်ဆုံးကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ၄ စီးမြောက်ကားကို အပိုင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၅ စီးမြောက်ကားပေါ်ရှိ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးရဲဘော်တွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

၄ စီးမြောက်ကားပေါ်ရှိအကြမ်းဖက်စစ်သား ၁၈ ဦးစလုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု အဖွဲ့ဝင်များဖြစ်ကြသော Southern YSO PDF ၊ Yesagyo Revolutin Group (YRG) ၊ ဒေါင်းညီနောင် PKU PDF ၊ ပြည်သူ့အားမာန် PDF ၊ King Cobra ၊ ဒေါင်းစစ်သည် PDF နှင့် ဒေါင်းသွေးနီး PDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Southern YSO PDF

0 Shares:
You May Also Like
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်း ကြေးနီသယ်ယာဉ်တွေနဲ့အတူ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သုံး ယာဉ်တွေ မုံရွာမြို့က နေ ထွက်ခွာလာတဲ့ သတင်းအရ ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာမှာ မိုင်း ဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

ဖားကန်မြို့ ဆိုင်းတောင်တွင် ခိုင်ကြည်ဇင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဆိုင်းတောင် ရပ်ကွက် ၃ မှာရှိတဲ့ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Popa Guerilla Force (PGF) တပ်ဖွဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force (PGF) တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏အသက်ကို ကာကွယ်ပေးနိုင်ရန် ကျည်ကာကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ မုံရွာခရိုင်အမှတ် - ၂၇ တပ်ရင်းက "ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ" ကမ်ပိန်းပြုလုပ် ထားတယ်လို့ သိရပါတယ်။
Read More

မြို့သစ်မြို့အဝင်ဂိတ်အား တော်လှန်ရေးတပ်များ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People's Defence Force - Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။
Read More

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး”အကြီးဖြိုဖို့ အသီးလိုတယ်”ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး ''အကြီးဖြိုဖို့ အသီးလိုတယ်''ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။