မကွေးတိုင်း၊ ယောဒသ၊ ဂန့်ဂေါခရိုင်အတွင်းက တော်လှန်ရေးအင်အားစုတွေကို အမြဲလိုလို ချိုးနှိမ်စိန်ခေါ်နေတတ်တဲ့ ခလရ ၅၀တပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူး လှမျိုးထွဋ်ဆိုသူ ချင်းပြည်နယ်မြောက်ပိုင်း ရှေ့တန်းတစ်နေရာမှာ ရရှိတဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး မျိုးမင်းထွေးရဲ့ အမိန့်နဲ့ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းကနေ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ်ဟာ လက်ရှိမှာ တိုက်ပွဲအတွင်းရရှိတဲ့ ပြင်းထန်ဒဏ်ရာတွေနဲ့ တီးတိန်ဆေးရုံပေါ်မှာ အရေးပေါ် တက်ရောက်ကုသနေရတာ ဖြစ်ပါတယ်။

အခုလ နိုဝင်ဘာလ ၁၀ ရက်နေ့က တီးတိန်မြို့ ရှေ့တန်းတိုက်ပွဲတစ်ခုမှာ ဗိုလ်မှူး လှမျိုးထွဋ်နဲ့ လက်အောက်ငယ်သား ၃ယောက်ဟာ ထိခိုက်ဒဏ်ရာကိုယ်စီရရှိခဲ့ကြောင်း၊ လှမျိုးထွဋ်က သူ့ရဲ့ ညာဖက်ပေါင်နဲ့ ဝမ်းဗိုက်နေရာတွေဆီ သေနတ်ကျည် ၂ချက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ကုသနေရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက ပြောပါတယ်။

ထိခိုက်ဒဏ်ရာပြင်းထန်နေတဲ့ ဗိုလ်မှူး လှမျိုးထွဋ်ဆိုသူဟာ ဂန့်ဂေါခလရ ၅၀တပ်အတွင်း ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန် အနီးအနားကျေးရွာတွေဆီ အင်အားအလုံးအရင်းနဲ့ မကြာခဏ စစ်ကြောင်းထိုးတတ်သလို ယောဒေသတော်လှန်ရေးအင်အားစုတွေအပေါ် ချိုးနှိမ်စိန်ခေါ်တတ်သူလို့လည်း သိရပါတယ်။

ပုံစာ – စစ်ဝတ်စုံဖြင့် မြင်တွေ့ရသည့် ဗိုလ်မှူး လှမျိုးထွဋ်
ဓာတ်ပုံ – ယောအလင်းတန်း

“သူက အရင် ရခိုင်ပြည် နခခ ၅ (မကျမီ) ကနေ မကွေးကိုပြောင်းလာတာပါ။ မကွေးကမှတဆင့် ဂန့်ဂေါကို ထပ်ပြီး ပြောင်းရွှေ့မိန့်ကျတာ၊ အခုပြီးခဲ့တဲ့လက ချင်းပြည်နယ် တီးတိန်ကို ထပ်ပြီးပြောင်းသွားရတာ။ သူက ဘမောင်နာမည်နဲ့ ဖေ့စ်ဘုတ်ပေါ် ယောဒေသ PDF တွေကို အမြဲစိန်ခေါ်လေ့ရှိတယ်။ ဉာဏ်နီဉာဏ်နက်တွေနဲ့ မြို့အနီးအနားလောက်ပဲ စစ်ကြောင်းထွက်ရဲတာကို ကြီးကြီးကျယ်ကျယ်တွေ ပြောတတ်သူပါ။ အခု သူနဲ့အတူ သူ့အနားနေတဲ့ ဆေးဗိုလ်ပါ ကျတယ်လို့ကြားတယ်။ သူလည်းသေတဲ့အထဲ ပါနိုင်တယ်။ ဘာလို့ဆို သတင်းတွေထဲ ဗိုလ်မှူးတွေပါသေတဲ့အထဲပါတယ်ဆိုတော့..”လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။

ဗျူဟာမှူး လှမျိုးထွဋ်ဟာ ဂန့်ဂေါခလရ ၅၀တပ်အတွင်း ရှိနေချိန် အစုလိုက်အပြုံလိုက် လူသတ်မှုတွေ၊ မတရားဖမ်းဆီးမှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကို အမိန့်ပေးခိုင်းစေခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း ဖြစ်ပွားခဲ့တဲ့ ဂန့်ဂေါမြို့နယ်၊ လယ်မရွာက လူ ၁၁ ယောက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဥ်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ ဖလမ်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက ကလေးမြို့နယ်တောင်ပိုင်း၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတို့မှာ Chinland ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေပြင်းထန်နေပါတယ်။

တိုက်ပွဲတွေထဲမှာ စစ်အုပ်စုဖက်က ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူတွေအပါဝင် အကြမ်းဖက်စစ်သား ၁၀၀ ကျော် သေဆုံးထားကြောင်းနဲ့ စစ်သားတချို့ကိုလည်း လက်နက်ခဲယမ်းအများအပြားနဲ့အတူ အရှင်ဖမ်းဆီးရမိထားကြောင်း ချင်းပြည်နယ် (Chinland) အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းမှာ ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ပြည်သူတွေကို PDF က ရွှေ့ပြောင်းရာမှာ ကူညီပေး

ပဲခူးတိုင်း (အရှေ့ခြမ်း)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ 3702 (PDF) တပ်ရင်း စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရာချထားပေးတာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေသည့် ကန်နီပျူစောထီး ကျေးရွာကို တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေတဲ့ ကန်နီပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက မောင်းကိုပြောပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားသော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အရေးပေါ်တုံ့ပြန်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မင်္ဂလာဒုံမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရွှေနံ့သာရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်မယ်လို့ မင်းအောင်လှိုင် ပြော

တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
Read More

မိတ္ထီလာမှာ သားအမိ ၂ ယောက် နေအိမ်အတွင်း အသတ်ခံရ၊ ကျူးလွန်သူ ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။