နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း အသက်နဲ့ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေအတွက်၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေအတွက် ဥပဒေတစ်ခု ပြဌန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် NUG လက်ထက်မှာသာမက နောင်အနာဂတ်မှာပါ တာဝန်ယူပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။

“တော်လှန်ရေးမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို တာဝန်ယူ စောင့်ရှောက်နိုင်ဖို့နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် တစ်သက်စာလုံး တစ်ဘဝစာလုံး ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းရေးတို့အတွက် တာဝန်ယူ တာဝန်ခံနိုင်ဖို့ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ သာမက အနာဂတ်မှာ ပေါ်ပေါက်လာတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကပါ တာဝန်ယူတာဝန်ခံနိုင်ဖို့ မူဝါဒတွေကိုလည်း ချမှတ်‌ဆောင်ရွက်နေပါတယ်။ ဥပဒေတစ်ခု ပြဌာန်းနိုင်ဖို့ကိုလည်း စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဥ်မှာ ပြောခဲ့တာပါ။

ထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို ကုသနိုင်ဖို့နဲ့ သူတို့ရဲ့ ဘဝရှေ့ရေးအတွက် စီမံပေးနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရေးဌာနရဲ့လက်အောက်မှာ ဆေးဝန်ထမ်းဌာနခွဲတစ်ခု ထားရှိပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရ ရဲဘော်တွေကို ကုသပေးဖို့ ပြည်တွင်းက စစ်ဆေးရုံ ၃၃ခုနဲ့ ဆေးခန်းတွေမှာ ကုသမှုဆောင်ရွက်ခြင်း၊ လွတ်မြောက်နယ်မြေတွေ၊ နယ်စပ်ဒေသတွေက ဆေးရုံတွေဆီ လွှဲပြောင်းကုသခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းနဲ့ နယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်ပမှာ ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ တပ်ဖွဲ့ဝင်တွေအတွက် ကုသရေး၊ စားသောက်နေထိုင် သွားလာရေးတို့ကို ပံ့ပိုးနိုင်ဖို့အတွက် နယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ၅ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“မသန်စွမ်း တပ်ဖွဲ့ဝင်တွေအတွက် ခြေတုလက်တု တပ်ဆင်ပေးခြင်းတို့ကို ဒေသအလိုက် ဆောင်ရွက်နိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေးစင်တာ ၄ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသလို ဒေသအလိုက် လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ ဒဏ်ရာရ ရဲဘော်တွေရဲ့ ကုသမှု၊ ခြေတုလက်တု တပ်ဆင်မှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လစဥ် ကျပ်သိန်း ၁၀၀၀ မှ ၁၅၀၀ ခန့်ကို ပုံမှန်အသုံးပြု ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရ ရဲဘော်တွေနဲ့ တိုက်ပွဲဝင် ရဲဘော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို သက်သာစေဖို့ နှစ်သိမ့်ဆွေးနွေးရေး အစီအစဥ်တွေကိုလည်း လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ စစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိ

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် စပါးခင်းများကြား စစ်တပ်ကင်းပုန်းများကြောင့် ပြည်သူများ စပါးရိတ်ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စပါးခင်းတွေကြား အကြမ်းဖက်စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့အတွက် ပြည်သူတွေ စပါးပြန်လည်ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေသည့် နေရာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ကသီတင်းကျွတ် ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာလ ၆ ရက် မနေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ အများအပြား သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မင်းကွန်းရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရဲနဲ့ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ No More Dictatorship-NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒီပဲယင်းနယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂၀ နီးပါးသေဆုံး

“ထိခိုက်သေဆုံးကတော့ ကျနော်တို့အလောင်းတွေ့ရတာ ၁၈ ဦး၊ ထပ်တိုး တစ်ဦးရှိတယ်လို့လည်း ကြားတယ်၊ အဲဒီမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်။ ၂၀ ကတော့ကျော်မယ်လို့ထင်တယ်၊ တစ်ချို့ရှာမတွေ့တာတွေ ရှိတယ်လို့လည်းသိရတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။