မကွေးတိုင်း ပေါက်မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအလောင်း ၃ လောင်းနဲ့ လက်နက်ခဲ ယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Young Revolution Frontမှ မနေ့က သတင်းထုတ် ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ပေါက်တောင်ပိုင်း သီးခြောက်ရွာမှ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ယောချောင်းတစ်နေရာမှာ ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား ၃ အလောင်းနဲ့ မျက်မြင်တွေ့ရှိခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကာ အများ အပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Young Revolution Frontမှ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးအတွင်း MA-1၂လက်၊MA2 ၁လက်၊MA3 ၁လက်၊ကာပိုင် ၁ လက်၊MA ကျည်ဘောက်၁၉ ဘောက်၊ဘောက်ဝိုင်း ၃ ဘောက်၊ ကာပိုင်ဘောက် ၃ ဘောက်၊G3 ကျည် ၈၉၃ တောင့်၊ ၅.၅၆ ကျည် ၄၅၄ တောင့်၊ ကာပိုင်ကျည် ၁၅၄ တောင့်၊ ၆၀ မမကျည် ၅ ဖူး၊ငါးကြင်းမြှီးကျည်ပန်းကုံး ၅ ကုံး၊ငါးကြင်းမြှီးပြောင်း ၂ ခု၊ RPG ကျည် ၇ ဖူး၊အီနာဂါ ၁၀ဖူး၊ လခြမ်းမိုင်း ၄ လုံး၊ နင်းမိုင်း ၅ လုံး၊လက်ပစ်ဗုံးသီး ၆ လုံး၊ စလစ်မိုင်း ၅ လုံး၊ တိုက်မိုင်း ၂ လုံး၊ရှေ့ထွက်မိုင်း ၄ လုံး၊လက်တော့ ၁ လုံး၊ ဖုန်း ၂ လုံး၊ ပါဝါပန့် ၁ လုံး၊စကားပြောစက် ၃ လုံး၊စက်သွယ်ရေးစက်ကြီး ၁ လုံး၊ဘက်ထရီ ၂ လုံး၊ ခေါက် ဆိုလာ ၂ ခု၊ စစ်သုံးရေဗူး ၂ ဗူး၊ မီး‌ကြိုးခွေ ၃ ခွေ၊ လက်နှိပ်ဓာတ်မီး ၃ လက်နဲ့ ဓား ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါက် ဆိပ်ဖြူ စစ်ကြောင်း ပခုက္ကူခရိုင် အမှတ်(၁၂၊၅၊၁၁၊၁၈)တပ်ရင်း၊YRF ဗိုလ်နားပေါက်၊ပခုက္ကူခရိုင် အထူးလှုပ်ရှား ပကဖ တပ်ခွဲ(၃)၊အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)စတင်းတပ်ရင်းနှင့်ပေါက်မြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video-Young Revolution Front

0 Shares:
You May Also Like
Read More

တရုတ်နိုင်ငံမှာ သမိုင်းဝင် မင်နန်းဆက် နန်းဆောင်မျှော်စင် အမိုးပြိုကျ (ရုပ်/သံ)

တရုတ်နိုင်ငံ အန်ဟွီပြည်နယ်မှာ မေလ ၁၉ ရက်က သမိုင်းဝင် မင်နန်းဆက် နန်း‌ဆောင်မျှော်စင် အမိုးပြိုကျမှုဖြစ်ပွားခဲ့တဲ့အတွက် လာရောက်လေ့လာတဲ့ ခရီးသွားတွေ အထိတ်တလန့် ထွက်ပြေးခဲ့ရပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာအတွင်း နေအိမ်များ မီးရှို့နေသည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာမှာ နေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အထိုင်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ အထိုင်စခန်းတွေကို ၃ ဆက်ရက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ကျဆုံးရဲဘော်များ၏ မိသားစုတစ်စုလျှင် ကျပ် ၁၄၅ သိန်းထောက်ပံ့ပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုဦးညွှတ် (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိဘတွေထံ သွားရောက်ကာ မိသားစုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၄၅ သိန်းပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထူးချောင်းစခန်းကုန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးမှတ်တမ်း (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ကြားက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထူးချောင်းစခန်းကုန်းကို KNDF B-09 က ဒရုန်းစစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဖော်ပြလိုက်ပါတယ်။
Read More

မြစ်ကြီးနားတွင် ဆိုလာပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုလာပလပ်ခုံအပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။