မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ ပခုက္ကူကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ မနက် ၅ နာရီအချိန်မှာ စစ်တပ်အင်အား ၁၂၀ ခန့်ဟာ ရေစကြို ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကနေ ပခုက္ကူမြို့ကို ခြေလျင်ထွက်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့ညက ပခန်းကြီးမြို့မှာ တညအိပ်ပြီး နောက်တရက် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျောင်လှေခါးအထိုင်းစခန်းကို စစ်ကြောင်း ရောက်ရှိပြီးနောက် ပြည်သူကားတွေကို ချောဆွဲကာ ကျောက်လှေခါးဂိတ်ကနေ ပန်းတိုင်းခြုံစခန်းသို့ စစ်သားတွေကို ၅ကြိမ်ခွဲပြီး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ၅ကြိမ်ခွဲပို့ရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ရှေ့ ၃စီးကိုတော့ လွှတ်ပေးလိုက်ပြီး နောက်ဆုံး ၂စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထိုအထဲမှာမှ ၄စီးမြောက်ကားကို အပိုင်ပစ်ခတ်နိုင်ခဲ့ပြီး ၅စီးမြောက်ကားက စစ်သားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

၄စီးမြောက်ကားပေါ်မှာ ပါလာတဲ့ စစ်သား ၁၈ ယောက်လုံး အကုန်သေဆုံးခဲ့ပြီး ကားမောင်းတဲ့ သူကတော့ စစ်သားတွေ ချောဆွဲပြီး ဖမ်းဆီးထားတဲ့ ပြည်သူဖြစ်တာကြောင့် ထပ်မပစ်တော့ဘဲ ကားသမားပြည်သူလည်း ပန်းတိုင်းခြုံဂိတ်စခန်းကို အပြင်းမောင်းနှင် ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Local တပ်ပေါင်းစု အဖွဲ့ဝင်တွေဖြစ်တဲ့ Southern YSO PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင် PKU PDF၊ ပြည်သူ့အားမာန် PDF၊ King Cobra၊ ဒေါင်းစစ်သည် PDF နဲ့ ဒေါင်းသွေးနီ PDF တို့ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဆိပ်ဖြူတွင် ကပစ ကိုလာသည့် စစ်ကားများကို စောင့်ကြိုတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံး

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၁ ကို လာတဲ့ စစ်ကောင်စီကားတွေကို စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၁) - Caf SpuPDF က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဟိန္ဒူယဉ်ကျေးမှုအပေါ် အပြောင်အပျက်လုပ်ထားတဲ့ ရုံတင်ဇာတ်ကားအတွက် ထုတ်လုပ်သူနဲ့ ခွင့်ပြုတဲ့ ဘာသာရေးအဖွဲ့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ ထုတ်ပြန်

မကြာခင် ရုံတင်ပြသမယ့် “ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကား ခွင့်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကနေ ထုတ်ပြန်လာပါတယ်။
Read More

ယောဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထုနဲ့ ဆောတို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်မယ့် Drone Jammer ကို Federal Wingsက တီထွင်ထုတ်လုပ်

စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်ဖို့ Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Federal Wings တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။