စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ သင်တန်းသားရဲဘော် သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေဟာ အသက် (၁၈) နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးအထူးကောင်းမွန်သူ၊ ပေး အပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ သိရပါတယ်။

ထောက်ပို့ရန် နှင့် ရဲဘော်သစ် လျှောက်ထားလိုသူတွေအနေနဲ့ တယ်လီဂရမ် – t.me/ssndfbb103 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Video-SSNDF / KNDF B-103

0 Shares:
You May Also Like
Read More

ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၂၀ နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို   အောက်တိုဘာ ၉ ရက်က နေ့လယ်ပိုင်းက ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး ဒရုန်းနဲ့ လက်လုပ် ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ BGS Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

“မြေပြင်အရောက် ရိက္ခာခြောက်” (ရုပ်/သံ)

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ကနေ ထောက်ပို့တပ်သားတွေရဲ့ တာဝန်ထမ်းဆောင်ငွေတွေကို PDF ရဲဘော်တွေရဲ့ စားနပ်ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် အဓိက အသုံးပြုပြီး အကြိမ်အရေအတွက်အလိုက် ပို့ဆောင်ပေးလျက်ရှိကြောင်း ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ PDF ရဲဘော်တွေဆီကနေလည်း လက်ခံရရှိကြောင်းကို ရုပ်သံနဲ့ဖြစ်စေ ၊ စာနဲ့ဖြစ်စေ ပြန်လည်ပေးပို့တာကြောင့် ပြည်သူများ သိရှိစေဖို့ လူမှုကွန်ရက်မှာ ပြန်လည်ဖော်ပြခဲ့၊ ဖော်ပြလျက် ရှိပါတယ်။ မကြာခင်မှာလည်း စာရင်းဇယားနဲ့ ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။
Read More

မန္တလေးမြို့ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ပြိုကျခဲ့တဲ့ မြင်ကွင်း (ရုပ်/သံ)

မန္တလေးတိုင်း မန္တလေးမြို့ရှိ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေရဲ့ အစောင့်အကြပ်နဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို အကြမ်းဖက်စစ်သား အစောင့်အကြပ်တွေနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄  (Monywa The Boys) ထံက သိရပါတယ်။
Read More

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးပြီး နယူးယောက်က မူးယစ်တိုက်ဖျက်ရေးဌာနကို ခေါ်ဆောင်လာ (ရုပ်/သံ)

မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့ ဗင်နီဲဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုကို အမေရိကန်မူးယစ်တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ၄င်းတို့ရဲ့ ရုံးထဲကို ခေါ်ဆောင်သွားကြပြီလို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် ပင်တီးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။