မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူတပ်မ ၁၀၁ က အကြမ်းဖက်စစ်သားတွေဟာ မြိုင်မြို့နယ် တောင်ပိုင်းကို နိုဝင်ဘာ ၃ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှာ မြိုင်မြို့နယ် အနောက်တောင်ဘက်ရှိ စက်မှု (၂) ထဲကို ရောက်လာခဲ့ပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်ကြောင်းက မြိုင်မြို့နယ်တောင်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးကာ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကြောင့် ဒေသခံပြည်သူတွေ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နိုဝင်ဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်အတွင်း ရာသီဥတု အအေးဒဏ်ကြောင့် အသက် ၉၁ နှစ်အရွယ် အဘိုးအို၊ အသက် ၆၁ နှစ်အရွယ် အဖွားအိုနဲ့ အသက် ၉၀ အရွယ် အဖွားအိုတစ်ယောက် စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရပါတယ်။

(ဓာတ်ပုံ We Love Myaing)

“ရာသီဥတုကတော့ အရမ်းကြီးတော့ မအေးသေးဘူး။ တောထဲ တောင်ထဲ စစ်ရှောင်ရမယ်ဆိုရင်တော့ အရမ်းအေးတဲ့ အခြေအနေမျိုးတော့ ရှိပြီပေါ့။ အသက်ကြီးတဲ့သူတွေ ရာသီဥတု အကူးအပြောင်းတွေ.. အဲလိုမျိုးတွေမှာ ကျန်းမာရေးမကောင်းကြတာပေါ့။ တချို့ကျတော့လည်း နာတာရှည်ရောဂါသည်တွေ စစ်ဘေးရှောင်ရတဲ့အခါကျရင် မမျှော်လင့်ဘဲ ဆုံးပါးသွားတာမျိုးတွေက စစ်ဘေးရှောင်ကြတိုင်း ဖြစ်တယ်။ အရင်တစ်ခေါက်တုန်းကလည်း အသက်ကြီးတဲ့ ဦးလေးကြီးတစ်ယောက် ဆုံးတယ်။ အခုလည်း အသက်ကြီးတဲ့ အဖွားတွေ ဆုံးကြတယ်” လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

အထက်ပါ အကြမ်းဖက်စစ်သားတွေဟာ နိုဝင်ဘာ ၁၆ရက်နေ့မှာ ပေါက်မြို့နယ်ထဲကို ဝင်ရောက်သွားပြီး ကမ္ဘားဖြူရွာအနီး တောထဲမှာ ညအိပ်စခန်းချကာ နိုဝင်ဘာ ၁၇ရက်မှာတော့ ထန်းပေါက်ကုန်း၊ ဖလံကန် စတဲ့ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးခဲ့ပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းဟာ ပခုက္ကူ တပ်မ ၁၀၁ ကနေ အောက်တိုဘာလ နောက်ဆုံးအပတ်လောက်ကတည်းက စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး စစ်ကြောင်းထိုးစဥ် တလျှောက်မှာ နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။

(ဓာတ်ပုံ We Love Myaing)
0 Shares:
You May Also Like
Read More

ဘီးလင်းမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးတွေ ထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများခွဲထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေ ခွဲထိုးရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို အရပ်သား အယောက် ၄၀ နီးပါးကိုလည်း ဓားစာခံလုပ် ဖမ်းဆီးထားတယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးမိတ်မှာ TNLA ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ယောက်ကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။