မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရခိုင်ပြည်နယ်ကနေ အိမ်ငှားလာရောက်နေထိုင်တဲ့ အမျိုးသား ၄ ယောက်နဲ့ မြို့ခံ အမျိုးသမီး ၁ ယောက်ကို WY (ခေါ်) ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြား အပါအဝင် ဆက်စပ်ပစ္စည်းတချို့နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက် ညပိုင်းက ဆောမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ မြို့ပေါ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြို့ပေါ်ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ ဆောမြို့ပေါ် ရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တွေဆီ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့လို ဝင်ရောက်စစ်ဆေးရင်း ဇေယျာရပ်ကွက်နေ အိမ်ရှင် ဦးမြင့်ဆွေဆိုသူရဲ့ နေအိမ်မှာ အိမ်ငှားလာရောက်နေထိုင်နေတဲ့ ဦးမြင့်နိုင်ဆိုသူနဲ့ ဖဲကစားနေသူ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့တာလို့ ကိုအောင်ကြီးက ပြောပါတယ်။

ဦးမြင့်နိုင်ထံက WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃၈၅) ပြားနဲ့အတူ မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ခဲပြား (၂) ပြား၊ ရှူဂေါက် (၃) ခု၊ အကြောသွင်းပိုက် (၁)ချောင်း၊ ဓါးမြှောင် (၂) လက်၊ ပြောက်ကျား၀တ်စုံ (၂)ထည်၊ လိပ်သုံးကောင် အမျိုးသား ကာမဆေး (၁) ကတ်နဲ့ အိပ်ဆေးပြားလို့ယူဆရတဲ့ ဆေးကတ် (၁၀) ကတ် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နေအိမ်အတွင်း ဖဲကစားနေသူ ၄ ယောက်ဆီကလည်း ငွေကျပ် လေးဆယ့်ခြောက်သိန်း ခြောက်ထောင့်ငါးရာကျပ် အပါအဝင် လက်ကိုင်ဖုန်း (၅) လုံး၊ Power Bank (၁)လုံး၊ 125 ဆိုင်ကယ်၁စီးနဲ့ ဖဲထုပ် (၆) ထုပ်ကို အသီးသီးသိမ်းဆည်းရမိခဲ့တယ်လို့လည်း ကိုအောင်ကြီးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးမြင့်နိုင်ဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဇာတိဖြစ်ပြီး ကျန်တဲ့ အမျိုးသား ၃ ယောက်ဟာလည်း ရခိုင်ပြည်နယ်ဇာတိဖြစ်ကြကြောင်း၊ အမျိုးသမီးဖြစ်သူကတော့ ဆောမြို့ပေါ်၊ ဇေယျာရပ်ကွက်မှာ နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဦးမြင့်နိုင်နဲ့ အပေါင်းအပါ ၄ယောက်ကို ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တဲ့စစ်ဆေးအရေးယူမှုတွေကို ဆက်လက်လုပ်‌ဆောင်နေတယ်လို့လည်း ကိုအောင်ကြီးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ တော်တော်များများ ထိန်းချုပ်ထားတဲ့ ဆောမြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလ အတွင်းက ပစ္စည်းလုလူသတ်မှုနဲ့ မုဒိန်းကျင့်အလောင်းဖျောက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အရပ်သားတွေက စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒီအတွက် အောက်တိုဘာလ၃၁ရက်နေ့ကစလို့ မြို့ပေါ်ကို မနက်၄နာရီကနေ ည ၉ နာရီအထိသာ အရပ်သားတွေ ဖြတ်သန်းသွားလာခွင့်ရှိမယ့်အချက် အပါအဝင် စည်းကမ်းချက် ၈ ချက်ပါတဲ့ မြို့တွင်းမြို့ပြင်လုံခြုံရေးတွေကို ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

“ဆောမြို့ပေါ်မှာ မူးယစ်ဆေးရောင်းဝယ်တာတွေ၊ သုံးတဲ့သတင်းတွေ ပြန့်နေတယ်။ နောက်ပြီး လက်တလောအမှုတွေလည်း ဖြစ်ထားတော့ မြို့နယ်အုပ်ချုပ်ရေးက အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာပါ။ အဲ့လိုကနေ အဲ့အိမ်က လူဝင်ထွက်များတယ် သတင်းကရလို့ တာဝန်ရှိသူတွေ ဧည့်စာရင်းဝင်စစ်လိုက်တာမှာ မိတာပါ။ မိတာအရ ဆေးပြားပေါင်းတန်ဖိုးက ခန့်မှန်း ၁၅ သိန်းဝန်းကျင် ရှိတယ်ပြောပါတယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကိုပြောပါတယ်။

လက်ရှိမှာ ဂန့်ဂေါခရိုင်အတွင်း ဂန့်ဂေါမြို့နယ်အပါအဝင် မြို့နယ်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေနဲ့ လောင်းကစားဝိုင်းတွေ ဆိုးဆိုးရွားရွားရှိနေကြောင်း၊ အာဏာပိုင် ပြည်သူ့အုပ်ချုပ်ရေးဘက်က ပတ်သက်ပါဝင်မှုတွေလည်း ရှိနေကြောင်း ယောအလင်းတန်းက ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖော်ထုတ်ရေးသားထားပါတယ်။

WY မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တွေ့ရစဥ် (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

မော်လမြိုင်ကျွန်း နုံကျွန်ရွာ အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းဖို့ ဒေသခံ ၁၀ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွန်ကျေးရွာမှာ နိုဝင်ဘာလ ဒုတိယအပတ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းအပတ်စဥ် ၈ အတွက် စာရင်းပါတယ်ဆိုပြီး ဒေသခံအမျိုးသား ၁၀ ယောက်ကို အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

စစ်ကိုင်းမှာ ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့​နောက် စစ်ကောင်စီက လက်ပံရွာကို စစ်ကြောင်းဝင်မီးရှို့ဖို့ ခြိမ်းခြောက်ကြိမ်းဝါးနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ရွှေကျားဦးဆောင်တဲ့အဖွဲ့နဲ့ လက်ပံရွာ အုပ်ချုပ်ရေးမှူးဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့​နောက် စစ်ကောင်စီက လက်ပံရွာကို စစ်ကြောင်းထိုး မီးရှို့ဖို့ရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

“မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး” အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ

"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ရဲဘော်သစ်တွေ ခေါ်ယူနေပါတယ်။